စစ်ကောင်စီက ဗိုလ်နဂါးအား ဖမ်းဆီးရန် ရဟတ်ယာဉ် ၄ စီး အသုံးပြုသော်လည်း ဖမ်းမမိ

စစ်ကောင်စီက ဗိုလ်နဂါးအား ဖမ်းဆီးရန် ရဟတ်ယာဉ် ၄ စီး အသုံးပြုသော်လည်း ဖမ်းမမိ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဦးနှောက်ရွာတွင် ယနေ့ ဇန်နဝါရီလ ၁၀ ရက် မနက်ပိုင်းက PPDF ခေါင်းဆောင် ဗိုလ်နဂါး အဖွဲ့ အစည်းအဝေး ပြုလုပ်နေစဉ် စစ်ကောင်စီမှ ရဟတ်ယာဉ် လေးစီး အသုံးပြုကာ တိုက်ခိုက်ခဲ့သည်။

"မနက်က ရွာကို ရဟတ်ယာဉ်နဲ့ ဝိုင်းပစ်ပြီးတော့ လူတွေလည်း ချသွားတယ်။ အင်အားများတယ် ၁၀၀ ကျော်လောက်ရှိတယ်၊ ကန့်ဒေါင့်ဘက်ကနေလည်း ကားတွေနဲ့ စစ်ကူလာတယ်၊ အခုလည်း ရွာထဲကိုဝင်ပြီး အိမ်တွေကို မီးရှို့နေတယ်။ ရွာထဲမှာ လူတစ်ချို့တစ်ဝက်လောက်တော့ ကျန်သေးတယ်၊ ကျန်တဲ့လူတွေက ထွက်ပြေးသွားပြီ” ဟု ဦးနှောက်ရွာသား တစ်ဦးကပြောသည်။

အဆိုပါ တိုက်ခိုက်မှုသည် PPDF ခေါင်းဆောင် ဗိုလ်နဂါးအား ဖမ်းဆီးရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။ သို့သော် ဗိုလ်နဂါးမှာ ထွက်ပြေး လွတ်မြောက်သွားကြောင်း သိရသည်။

စစ်တပ်က ရဟတ်ယာဉ်များဖြင့် လာရောက်တိုက်ခိုက်၍ ဦးနှောက်ရွာ အပါအဝင် ရွာလေးရွာမှ ရွာသား ထောင်ကျော် ထွက်ပြေးတိမ်းရှောင် နေရသည်။

ဦးနှောက်ရွာသည် အိမ်ခြေ ၃၀၀ ခန့်နှင့် လူဦးရေ ၁၀၀၀ နီးပါးရှိသောရွာ ဖြစ်သည်။

ဘီးလင်းတံတား စစ်ဆေးရေးဂိတ်ရှိ အဆောက်အအုံတစ်ခု / YT
August 20, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်အတွင်း ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်၌ စစ်အုပ်စုတပ်က...
ဓာတ်ပုံ – အထည်ချုပ်စက်ရုံတွင်းပုံ / Crd
August 20, 2026
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်ရှိ အထည်ချုပ်စက်ရုံအချို့တွင် အလုပ်သမားများကို အချိန်ပို...
ဓာတ်ပုံ - Thazin Nyunt Aung (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် လွှတ်တော်ကိုယ်စား လှယ်ဟောင်း ဦးဖြိုးဇေယျာသော်။
August 19, 2026
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော် ဖမ်းဆီး...
ဓာတ်ပုံ - စစ်အုပ်စုလက်အောက်ခံ ပြည်သူ့စစ် (မလှိုင်မြို့နယ်နှင့် ဆက်သွယ်နေသည့် မိတ္ထီလာမြို့အဝင်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း စစ်အုပ်စုတပ်က ယာဉ်များကို စစ်ဆေးနေစဉ်။)
August 19, 2026
မြင်းခြံ-ရန်ကုန် ခရီးသွား (Express) မော်တော်ယာဉ်များကို မလှိုင်မြို့ စစ်အုပ်စုဂိတ်က တားဆီးစစ်ဆေး...