ကော့စ်ဘဇားခရိုင် ဒုက္ခသည်စခန်းမီးလောင်၊ အိမ်၁၂၀၀ မီးထဲပါ

ကော့စ်ဘဇားခရိုင် ဒုက္ခသည်စခန်းမီးလောင်၊ အိမ်၁၂၀၀ မီးထဲပါ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားခရိုင်၊ အိုကီးယားမြို့နယ်၊ ပလောင်ခါလီ မြန်မာမူဆလင်ဒုက္ခသည်စခန်း အမှတ် ၁၆ တွင် ယမန်နေ့ ဇန်နဝါရီ ၉ ရက် ညနေက မီးလောင်မှု ဖြစ်ပွား၍ အိမ် ၁၂၀၀ မီးထဲပါသွားသည်ဟု အိုကီးယားနယူးတွင် သတင်းဖော်ပြသည်။

စခန်းတွင်း တရားဥပဒေ စိုးမိုးရေး တာဝန်ခံ ရဲတပ်ရင်း (၇) မှ ရဲချုပ် Kamran Hossain က ၎င်းမီးမှာ ဇန်န၀ါရီ ၉ ရက် ညနေပိုင်းက စခန်းအဆောင် တစ်ခုရှိ ဓာတ်ငွေ့ဆလင်ဒါမှ စတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း ပြောသည်။

၎င်းမီးသည် ညနေ ၄ နာရီ ၃၀ မိနစ်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ည ၇ နာရီမှ ငြိမ်းသတ်နိုင်ခဲ့သည်။

စခန်းနေဒုက္ခသည်များ အပါအဝင် APBN အဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင် ၈ ဦးက မီးငြှိမ်းသတ်နိုင်ခဲ့ပြီး တစ်နာရီနှင့် မိနစ် ၃၀ ခန့်အကြာတွင် မီးငြှိမ်းသတ် နိုင်ခဲ့သည်။

စခန်းအမှတ် ၁၆ တွင် နေထိုင်သူ မျက်မြင်သက်သေ နုရ်အာမိန်က  က "မီးကိုမြင်ပြီး မိသားစုနဲ့အတူ ထွက်လာခဲ့တာပါ၊ အားလုံးကို အလ္လာဟ် အရှင်မြတ်က ကာကွယ်နိုင်ပါစေ”ဟု ပြောကြားသည်ဟု သတင်းတွင် ရေးသားထားသည်။

အိုကီးယားမြို့နယ် မီးသတ်ဌာနမှ တာဝန်ခံ Emdad Hossain က "ညနေ ၇ နာရီဝန်းကျင်မှာ မီးထိန်းနိုင်ခဲ့ပြီး မီးငြှိမ်းသတ်ခဲ့တဲ့ မီးသတ်တပ်ဖွဲ့ ခြောက်စီးက မီးငြှိမ်းသတ်နိုင်ခဲ့တာ ဖြစ်ပါတယ်” ဟု မီဒီယာများသို့ ပြောဆိုသည်။

အသေအပျောက်ရှိ မရှိကို သတင်း၌ ဖော်ပြထားခြင်း မရှိပါ။

ယခုနှစ် ဇန်နဝါရီ ၂ ရက် (တနင်္ဂနွေနေ့) အစောပိုင်းကလည်း အိုကီးယား မြို့နယ် ကူတို့ ပါလောင် ဒုက္ခသည်စခန်းတွင် မီးလောင်၍ အိမ် ၂၀လုံးနှင့် ကုတင် ၆၀ ဆန့် ဆေးရုံတစ်ရုံမီးလောင်သွားသည်။

၂၀၂၁ ခုနှစ် မတ်လ ၂၂ ရက်နေ့တွင် အိုကီးယားမြို့ရှိ မူဆလင်ဒုက္ခသည်စခန်း ၃ ခုတွင် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး  အိမ်ခြေ ၁၀ဝဝ ကျော် မီးလောင်ခဲ့ကာ  လူ ၁၁ ဦး သေဆုံးခဲ့သည်။ ဒုက္ခသည်  ၂ သိန်းကျော်  နေထိုင်ရေးအပိုင်းမှာ ထိခိုက်ခဲ့သည်ဟု သတင်းတွင် ဆက်လက် ဖော်ပြထားသည်။

May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...