အမ်း တပ်တောင်တွင် ကိုယ်ထူကိုယ်ထဆောက်လုပ်ထားသော အောက်ဆီဂျင်စက်ရုံ စတင်ဖွင့်လှစ်

အမ်း တပ်တောင်တွင် ကိုယ်ထူကိုယ်ထဆောက်လုပ်ထားသော အောက်ဆီဂျင်စက်ရုံ စတင်ဖွင့်လှစ်

သဥ္ဇာနွယ် — ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် တပ်တောင်မြို့တွင် ကိုယ်ထူကိုယ်ထဆောက်လုပ်ထားသော အောက်ဆီဂျင်စက်ရုံကို စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါစက်ရုံကို ယနေ့ ဇန်နဝါရီ ၈ ရက် နံနက်ပိုင်းက ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်ဟု အမ်းမျိုးဆက်ပရဟိတလူငယ်များအဖွဲ့မှ ကိုမျိုးမင်းက နိရဥ္စရာကိုပြောသည်။

“ဒီစက်ရုံက အလှူငွေတွေနဲ့ ကိုယ်ထူကိုယ်ထတည်ဆောက်ထားတာ။ ခုလိုကိုယ့်ရပ်ကိုယ်ဒေသမှာ ဖွင့်ရတဲ့အတွက် ပီတိဖြစ်မိတယ်။ ကိုဗစ်နဲ့ပတ်သက်တဲ့လူနာတွေအပြင် အသက်ရှူလမ်းကြောင်းနဲ့ဆိုင်တဲ့လူနာတွေကိုလည်း ကူညီပေးနိုင်တယ်”ဟု ပြောသည်။

အဆိုပါစက်ရုံကို ဒေသခံများ၏အလှူငွေကျပ်သိန်းပေါင်း ၅၉၅ သိန်းအကုန်အကျခံကာ ပြီးခဲ့သည့် စက်တင်ဘာလက စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာလတွင်ပြီးစီးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါစက်ရုံမှ တစ်နေ့လျှင် အောက်ဆီဂျင် ၄ဝ လီတာဆံ့ အိုး ၁၂ လုံးအထိထုတ်လုပ်နိုင်သည်ဟုလည်း သိရသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း မြို့နယ် ၁၇ မြို့နယ်၌ အောက်ဆီဂျင်စက်ရုံများ အသီးသီးဆောက်လုပ်ခဲ့ကြောင်း သိရသည်။

အမ်းမြို့နယ်အတွင်း ကိုဗစ်တတိယလှိုင်းမှ ယမန်နေ့ ဇန်နဝါရီလ ၇ ရက်အထိ ကိုဗစ်ရောဂါပိုးကူးစက်ခံခဲ့ရသူ ၃၃၃ ဦးနှင့် သေဆုံးသူ ၂၃ ဦးရှိခဲ့သည်ဟု သိရသည်။

May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...