စံပြ၆မိုင်အုပ်စုမှာ စစ်ကောင်စီတပ်မှ လူနေအိမ်ကို မီးရှို့ဖျက်ဆီးမှုဆက်လက်လုပ်ဆောင်နေ

စံပြ၆မိုင်အုပ်စုမှာ စစ်ကောင်စီတပ်မှ လူနေအိမ်ကို မီးရှို့ဖျက်ဆီးမှုဆက်လက်လုပ်ဆောင်နေ

ခြောက်မိုင်ကျေးရွာအုပ်စုအတွင်းမှာ စစ်ကောင်စီကနေပြီး လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးမှု ဆက်လက်လုပ်ဆောင်နေတယ်လို့ KNDF B-09က ဒီကနေ့(ဇန်နဝါရီလ ၇ ရက်နေ့) မှာ ထုတ်ပြန်ထားပါတယ်။

ခြောက်မိုင်အုပ်စုအတွင်း၊ ဒေါပိုးစီကျေးရွာက လူနေအိမ်တွေကို မနေ့ကတည်းက မီးရှို့ဖျက်ဆီးနေတာဖြစ်ပြီး ဒီကနေ့အထိဆက်လက်မီးရှို့နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

” မီးခိုးတော့ အလုံးလုံးထွက်နေတယ်။ပစ်ခတ်သံလည်းကြားတယ်။ အိမ်တွေလည်းရှို့တယ်။လက်နက်ကြီးသံကောကြားရတယ်။ ဒေါပိုးစီရွာဖက်မှာပေါ့။ “

ဒီကနေ့ မနက်ပိုင်း ၇နာရီခွဲအချိန်မှာလည်း လွိုင်ကော်ဖက်မှ ဒီးမော့ဆိုမြို့ ၆မိုင်အုပ်စုအတွင်း လက်နက်ကြီးနဲ့ စတင်ပစ်ခတ်လာပြီး နံနက် ၉နာရီ မိနစ် ၄၀ မှာ တိုက်ပွဲပြင်းထန်မှုဖြစ်ပွားခဲ့တယ်လို့ KNDF B-09 ကထုတ်ပြန်ထားပါတယ်။

ဒေါပိုးစီး၊ ၅မိုင်၊ ၆မိုင် ဖက်မှာ မနေ့က(ဇန်နဝါရီ၆ရက်နေ့) မနက်ပိုင်းကစတင်ပြီး ၈နာရီဝန်းကျင်ကြာ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။၆မိုင်ကျေးရွာအတွင်း နေအိမ် ၄လုံးနဲ့အထက်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒီကနေ့လည်း ထပ်မံမီးရှို့နေတာဖြစ်ပါတယ်။

August 17, 2026
အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များကို အာမခံနိုင်မှု...
ဓာတ်ပုံ - ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) ရှိ ဆေးပေးခန်း (ပုံဟောင်း)
August 17, 2026
ထိုင်း-ကရင်နီနယ်စပ်ရှိ ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) ၌ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ အဖြစ်...
August 14, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်သည် ဒေါပိုရှေ့ကျေးရွာ၌...
ဓာတ်ပုံ - ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်တစ်ခုသို့ ရောက်ရှိလာသည့် ကရင်နီဒုက္ခသည်များကို တွေ့ရစဉ်/Photo Credit - ณรงค์เวทย์ มหเศรษฐพงษ์ (Facebook)
August 14, 2026
ထိုင်းအစိုးရ အစီအစဉ်ဖြင့် ကရင်နီ ဒုက္ခသည်လူငယ်များ လုပ်ငန်းခွင်အသီးသီး၌ တရားဝင် အလုပ်လုပ်ကိုင်နေ...