လွိုင်ကော်မြို့တွင်း လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံသေဆုံးသူရှိ ပစ်ခတ်မှုရှိဆဲ

လွိုင်ကော်မြို့တွင်း လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံသေဆုံးသူရှိ ပစ်ခတ်မှုရှိဆဲ

ဒီကနေ့(ဇန်နဝါရီလ ၇)ရက်နေ့ မနက်ပိုင်းမှာ လွိုင်ကော်မြို့တွင်း ရပ်ကွက်အချို့ကို စစ်ကောင်စီတပ်က လက်နက်ကြီးရမ်းသန်းထုပြီးနောက် လူနေအိမ်ထိခိုက်မှုရှိခဲ့သလို လက်နက်ကြီးထိမှန်မှုကြောင့် မိုင်းလုံးရပ်ကွက်မှာ သေဆုံးသူလည်းရှိတယ်လို့ ဒေသခံဆီကနေ သိရပါတယ်။

“ မနက်က လက်နက်ကြီးပစ်ခတ်သံကြားလို့ အကုန်အိမ်ထဲဝင်နေကြတာ အဲ့ဒါ အိမ်ကိုလာကျသွားတာတဲ့ မိသားစုထဲက အိမ်ထောင်ဦးစီးဖခင်ကတော့ ဆုံးသွားပြီ သူက အသက် ၃၀ကျော်ပြီ။ သူ့မိန်းမနဲ့ကလေးတွေတော့ ဒဏ်ရာရသွားတယ်ကြားတယ်။ မနေ့ကလည်း သေနတ်သံတွေကြောင့် ခုဆုံးသွားတဲ့တစ်ယောက်ရဲ့ ယောက္ခမလည်းဆုံးသွားတယ် သူက လက်နက်ကြီးထိတာမဟုတ်ဘူး တက်ပြီး ဆုံးသွားတာ။ ခုက သေနတ်သံ လက်နက်ကြီးသံကတော့ ရပ်မသွားပါဘူး ကြားနေရဆဲပဲ။”လို့ လွိုင်ကော်ဒေသခံတစ်ဦး ပြောပါတယ်။

လက်နက်ကြီးထိမှန်သေဆုံးသူမှာ သာမန်အရပ်သားပြည်သူဖြစ်ပြီး အသက် ၃၀ ကျော်အရွယ်ရှိသလို ဇနီးနဲ့ သားသမီးကျန်ရစ်ခဲ့ပါတယ်။

ယမန်နေ့ ဇန်နဝါရီလ ၆ ရက်နေ့မှာ လွိုင်ကော်မြို့တွင်း တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သလို ဒီနေ့ မနက်ပိုင်းမှာလည်း စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ရမ်းသန်းပစ်ခတ်မှုတွေ တိုက်ပွဲတွေဖြစ်နေတဲ့အတွက်ကြောင့် ဒေသခံတွေ စိုးရိမ်ကြောက်လန့်နေကြရပါတယ်။

May 5, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်ထဲက စစ်ဘေးရှောင်တချို့ဟာ ဆေးဝါးမလုံလောက်မှု၊...
May 4, 2026
ထိုင်း-ကရင်နီနယ်စပ်က ကရင်နီဒုက္ခသည်စခန်းအမှတ်(၁)မှာ ဧပြီလ ဒုတိယပတ်ကစပြီး ဝက်နာမကျန်းမှု...
May 2, 2026
ကရင်နီပြည်မှာ စစ်အုပ်စုရဲ့ တိုက်ခိုက်မှုတွေကြောင့် ဧပြီလအတွင်း ပြည်သူ ၅ ဦးသေဆုံးခဲ့တယ်လို့...
May 1, 2026
ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသမှာ ယခုရက်ပိုင်းအတွင်း ခဲစျေး ထပ်မံကျဆင်းနေတာကြောင့်...