မုံရွာမြို့နယ်တွင် ပျူစောထီးအဖွဲ့ကို ထောက်ပံ့ အားပေးနေသူ အမျိုးသမီး ၁ ဦး ပစ်ခတ်ခံရ၍ သေဆုံး

မုံရွာမြို့နယ်တွင် ပျူစောထီးအဖွဲ့ကို ထောက်ပံ့ အားပေးနေသူ အမျိုးသမီး ၁ ဦး ပစ်ခတ်ခံရ၍ သေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့ကို ထောက်ပံ့ပေးနေသူ အမျိုးသမီး တစ်ဦး ရွာအဝင်ဇရပ်တွင်သေနတ်ဖြင့်ပစ်ခတ်ခံရကာ သေဆုံးသွားကြောင်း ရွာခံထံမှ သိရသည်။

ယနေ့ ဒီဇင်ဘာ ၆ရက် နံနက် ၈နာရီ မိနစ် ၃၀တွင် ပန်းရောင်းသူ ဒေါ်ကြည်လှဆိုသူသည် သေနတ်ဖြင့် ခြောက်ချက်ပစ်ခတ်ခဲ့ရသည့်အနက် လေးချက်ထိမှန်ကာ သေဆုံးသွားကြောင်း ၎င်းကဆိုသည်။

ဒေါ်ကြည်လှဆိုသူအား Monywa Ranger Group/Truth Army အဖွဲ့က လုပ်ကြံခဲ့သည်ဟု ယင်းအဖွဲ့ကထုတ်ပြန်ထားသည်။

"စစ်တပ်ထောက်ပံ့ပေးသူ ပန်းသည် ဒေါ် ကြည်လှ ဆိုသူသည် ရပ်ရွာကို စစ်တပ်ခေါ်ဆောင်ခြင်း၊ ပိုက်ဆံ ထည့်ခြင်း၊ ရပ်ရွာရှိ ပျူစောထီး၊ စစ်ခွေးများကို ထောက်ပံ့သတင်းပေးခြင်းများ ပြုလုပ်ပေးနေသူတစ်ဦးဖြစ်သည်"ဟု Monywa Ranger Group/Truth Army အထူးစုံစမ်းရေးတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အခင်းဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်မှ ကား နှစ်စီးဖြင့် လာရောက်စစ်ဆေးခဲ့သော်လည်း အဖမ်းအဆီးများ မရှိကြောင်း ၎င်းဒေသခံက ပြောသည်။

တောပုရွာတောင်ခြမ်းမှ ရွာခံ အများစုသည် ပျူစောထီးဆိုသူများနှင့် စစ်တပ်လိုလားသူများဖြစ်ပြီး ရွာမြောက်ခြမ်းမှာ ကာကွယ်ရေးတပ်ဖွဲ့နှင့် ပြည်သူ့အစိုးရအား ထောက်ခံကြကြောင်း ဒေသခံကဆိုသည်။

July 27, 2026
မကွေးတိုင်း၊ ကျောက်ထုမြို့နယ်တွင် စစ်အုပ်စုတပ်က စစ်အင်အား ၂,၀၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေခြင်း...
July 27, 2026
အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံ...
July 22, 2026
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ ရဲစခန်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ရာတွင်...
July 21, 2026
ရှမ်းပြည် တောင်ပိုင်း၊ မိုးဗြဲမြို့နှင့် ကရင်နီပြည်၊ နန်းမယ်ခုံအကြားတွင် ဇွန်လ ဒုတိယပတ်က...