ကျိုက္ကော် ကမ္ဘာ့ရတနာဘဏ် ဓါးပြတိုက်ခံရပြီး ပစ်ခတ်မှုဖြစ်

ကျိုက္ကော် ကမ္ဘာ့ရတနာဘဏ် ဓါးပြတိုက်ခံရပြီး ပစ်ခတ်မှုဖြစ်

သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ ကျိုက္ကော်ရပ်ကွက်စျေးရှေ့ရှိ ကမ္ဘာ့ရတနာဘဏ်ကို လက်နက်ကိုင်သုံးဦးမှ ယနေ့ဇန်နဝါရီလ ၆ ရက်နေ့ နေ့လယ် ၁၁ နာရီခွဲအချိန်ခန့်တွင် ဓားပြတိုက်မှုဖြစ်ပွါးခဲ့သည်။

သုဝဏ္ဏဝတီမြို့နယ် ကျိုက်ကော်ရပ်ကွက် မြို့မစျေးအရှေ့ရှိကျိုက္ကော် ကမ္ဘာ့ရတနာဘဏ်ကို Honda Fit ခဲရောင်ဖြင့် ရောက်လာသော လက်နက်ကိုင် သုံးဦးမှ သေနတ်ပြ ဓားပြတိုက်ခဲ့ပြီး လွတ်မြောက်သွားကြောင်း သထုံမြို့ခံတစ်ဦးက ဆိုသည်။

" ဓားပြတိုက်ပြီးတော့ ပစ်ခတ်မှုဖြစ်သေးတယ်။ဒါပေမဲ့ မမိပါဘူး။ သိန်း ၈၀၀ ကျော်လို့တော့ ပြောနေကြတာပဲ။ အရင်ရက်ကလည်း MAB ဘဏ်လည်း သိန်း၈၀၀ ကျော်ပါသွားတာပဲ"ဟု သထုံမြို့ခံ တစ်ဦးကဆိုသည်။

သို့ရာတွင် အထက်ပါဖြစ်စဥ်နှင့်ပတ်သက်ပြီး သထုံမြို့မရဲစခန်းကိုဆက်သွယ်မေးမြန်းခဲ့သော်လည်း သိန်း၈၀၀ ကျော်ပါသွားသည်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

အဆိုပါ Honda Fit ခဲရောင်စီး လက်နက်ကိုင်သုံးဦးသည် ဓားပြတိုက်ပြီးနောက် ဝီယော်ရွာဘက်သို့ မောင်းပြေးစဥ် ခမရ (၉)အရှေ့တွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပစ်ခတ်မှုကြောင့် ဓားပြတိုက်သူ ကားနောက်မှန်ကွဲသွားပြီး စစ်တပ်မှ လိုက်လံပစ်ခတ်ခဲ့သော်လည်း ဖမ်းမိသည်ဟု သက်ဆိုင်ရာက ထုတ်ပြန်ခြင်းမရှိသေးပေ။

ဒီဇင်ဘာလ ၂၇ ရက်နေ့ နေ့လယ်ပိုင်းတွင်လည်း သုဝဏ္ဏဝတီမြို့ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်ရှိ မြန်မာ့ရှေ့ဆောင်ဘဏ်မှ ငွေကျပ်သိန်း ၈၀၀ ကျော်တင်ဆောင်လာသော ကားဓားပြတိုက်ခံခဲ့ရသည်ဟု သတင်းများက ဖော်ပြသည်။

August 10, 2026
မွန်ပြည်၊ ရေးမြို့နယ်အခြေစိုက် တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သည့် ရေးဘီလူးအဖွဲ့၏ ဖေ့ဘွတ်လူမှုကွန်ရက်...
August 7, 2026
မွန်နှင့် ကရင်ပြည် ထိစပ်နေသည့် ကျေးရွာအချို့တွင် ဒေသတွင်းလက်နက်ကိုင်အဖွဲ့များ၏ မူးယစ်ဆေးဝါး...
August 7, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ရေဖြူ - ကလိန်အောင် ကားလမ်းပိုင်းရှိ ကျောက်ကဒင်ကျေးရွာ...
August 6, 2026
မွန်ပြည်၊ ဘီးလင်းမြို့မရဲစခန်းမှ ရဲတပ်ကြပ်တစ်ဦး၏ ညီဖြစ်သူအပါအဝင် လူငယ် ၇ ဦးကို စစ်တပ်၊...