ကျိုက္ကော် ကမ္ဘာ့ရတနာဘဏ် ဓါးမြတိုက်ခံရ၊ ကျပ်သိန်း ၈၀၀ ကျော် ပါသွားဟု ဆို

ကျိုက္ကော် ကမ္ဘာ့ရတနာဘဏ် ဓါးမြတိုက်ခံရ၊ ကျပ်သိန်း ၈၀၀ ကျော် ပါသွားဟု ဆို

သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ ကျိုက္ကော်ရပ်ကွက်စျေးရှေ့ရှိ ကမ္ဘာ့ရတနာဘဏ်ဟာ ဇန်နဝါရီလ ၆ ရက်နေ့ နေ့လည်ပိုင်းက ဓါးမြတိုက်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ယနေ့ နေ့လည် ၁၁ နာရီခန့်မှာ ကျိုက္ကော် ကမ္ဘာ့ရတနာဘဏ်ရှေ့ကို မော်တော်ယာဉ်တစ်စီးနဲ့ လူ ၃ ဦး ရောက်ရှိလာပြီး ဓါးမြတိုက်သွားခဲ့တာဖြစ်ပါတယ်။

"ကားတစ်စီးနဲ့ရောက်လာပြီး ဘဏ်ထဲဝင် ဓါးမြတိုက်သွားတယ်။ လက်နက်တွေလဲ ပါတယ်လို့ သိရတယ်။ လူစည်ကားနေတဲ့အချိန်မှပဲ လုပ်သွားတာ။ အသံတွေကြားတော့ ကျွန်တော်တို့လဲ လန့်ပြီး ထွက်ပြေးရတယ်''လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ဓါးမြတိုက်ခံရတာကြောင့် ဘဏ်ရှိ ငွေကျပ်သိန်းပေါင်း ၈၀၀ ကျော် ပါသွားတယ်လို့ ဘဏ်နဲ့နီးစပ်သူ တစ်ဦးက ပြောပါတယ်။

ဘဏ်ဓါးမြတိုက်ခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်ရှိ စစ်ဆေးမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ၂၇ ရက်နေ့ နေ့လည်ပိုင်းကလည်း သုဝဏ္ဏဝတီမြို့ အထွက် ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ သထုံ မြန်မာ့ရှေ့ဆောင်ဘဏ်က ငွေသိမ်းကားတစ်စီး ဓါးမြတိုက်ခံရပြီး ငွေကျပ်သိန်း ၈၀၀ ကျော်၊ ကားတစ်စီးနဲ့ဝန်ထမ်းတွေရဲ့ ဖုန်းတွေကို ယူဆောင်သွားခံရရသေးတာဖြစ်ပါတယ်။

Most read this week

December 19, 2025
တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၁၂ က...
December 18, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင် ဌာနဆိုင်ရာရုံးများကို တော်လှန်ရေး...
Photo credit - social media
December 17, 2025
မွန်ပြည်နယ်မှာ စစ်မှုထမ်းဥပဒေအရဟုဆိုကာ လူငယ်များအား အဓမ္မတပ်သားသစ်စုဆောင်း၍ သင်တန်းပေးနေသည်မှာ...
Photo credit - CJ
December 16, 2025
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းမြစ်အတွင်း စစ်ကော်မရှင်အဖွဲ့၏ ပစ်ခတ်ခံရမှုကြောင့် ရေထဲမျောပါ...