ကျိုက္ကော် ကမ္ဘာ့ရတနာဘဏ် ဓါးမြတိုက်ခံရ၊ ကျပ်သိန်း ၈၀၀ ကျော် ပါသွားဟု ဆို

ကျိုက္ကော် ကမ္ဘာ့ရတနာဘဏ် ဓါးမြတိုက်ခံရ၊ ကျပ်သိန်း ၈၀၀ ကျော် ပါသွားဟု ဆို

သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ ကျိုက္ကော်ရပ်ကွက်စျေးရှေ့ရှိ ကမ္ဘာ့ရတနာဘဏ်ဟာ ဇန်နဝါရီလ ၆ ရက်နေ့ နေ့လည်ပိုင်းက ဓါးမြတိုက်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ယနေ့ နေ့လည် ၁၁ နာရီခန့်မှာ ကျိုက္ကော် ကမ္ဘာ့ရတနာဘဏ်ရှေ့ကို မော်တော်ယာဉ်တစ်စီးနဲ့ လူ ၃ ဦး ရောက်ရှိလာပြီး ဓါးမြတိုက်သွားခဲ့တာဖြစ်ပါတယ်။

"ကားတစ်စီးနဲ့ရောက်လာပြီး ဘဏ်ထဲဝင် ဓါးမြတိုက်သွားတယ်။ လက်နက်တွေလဲ ပါတယ်လို့ သိရတယ်။ လူစည်ကားနေတဲ့အချိန်မှပဲ လုပ်သွားတာ။ အသံတွေကြားတော့ ကျွန်တော်တို့လဲ လန့်ပြီး ထွက်ပြေးရတယ်''လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ဓါးမြတိုက်ခံရတာကြောင့် ဘဏ်ရှိ ငွေကျပ်သိန်းပေါင်း ၈၀၀ ကျော် ပါသွားတယ်လို့ ဘဏ်နဲ့နီးစပ်သူ တစ်ဦးက ပြောပါတယ်။

ဘဏ်ဓါးမြတိုက်ခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်ရှိ စစ်ဆေးမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ၂၇ ရက်နေ့ နေ့လည်ပိုင်းကလည်း သုဝဏ္ဏဝတီမြို့ အထွက် ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ သထုံ မြန်မာ့ရှေ့ဆောင်ဘဏ်က ငွေသိမ်းကားတစ်စီး ဓါးမြတိုက်ခံရပြီး ငွေကျပ်သိန်း ၈၀၀ ကျော်၊ ကားတစ်စီးနဲ့ဝန်ထမ်းတွေရဲ့ ဖုန်းတွေကို ယူဆောင်သွားခံရရသေးတာဖြစ်ပါတယ်။

May 13, 2026
တနင်္သာရီမြို့နယ် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်စခန်းရှိရာ မောတောင်မြို့ကို ပြန်ရရေး...
May 12, 2026
စစ်ကော်မရှင်မှ ယခုမေလအတွင်း ပြုလုပ်မည့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးသစ်...
တပင်ရွှေထီးကိုကျိုက်ပြည်သူ့ကာကွယ်ရေးတပ်
May 11, 2026
စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ မေလ ၈ ရက်နေ့တွင်...
ပုံ-SAC (စစ်တပ်လေ့ကျင့်ရေးရဟတ်ယာဉ်တစ်စီး တွေ့စဉ်)
May 8, 2026
တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာရှိ မြေယာများကို စစ်ကော်မရှင်တပ်က ရဟတ်ယာဉ်ကွင်း တည်ဆောက်ရန်...