ကင်းမွန်းချောင်း အထက်တန်းကျောင်းရှေ့ ဗုံးပေါက်ကွဲ၊ ၃ ဦး ဒဏ်ရာရ

ကင်းမွန်းချောင်း အထက်တန်းကျောင်းရှေ့ ဗုံးပေါက်ကွဲ၊ ၃ ဦး ဒဏ်ရာရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာ အထက်တန်းကျောင်းရှေ့တွင် ယနေ့ (ဇန်နဝါရီ ၆ ရက်) နံနက်ပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

နံနက် ၈နာရီခန့်က အထက်တန်းကျောင်းအဝင်ဝ လုံခြုံရေးကင်းတဲမှာ ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်‌ ကြောင်း  ဒေသခံတစ်ဦးထံက သိရသည်။

ဗုံးပေါက်ကွဲမှုကြောင့် ရဲတစ်ဦး ခြေထောက် ဗုံးစထိမှန် ဒဏ်ရာရခဲ့ပြီး ကျောင်းလာပို့သည့် ကျောင်းသားမိဘတစ်ဦး အနည်းငယ် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရကြောင်း ဆက်ပြောသည်။

အခြေခံပညာကျောင်းများတွင် ဇန်နဝါရီ ၅ရက်နေ့က စတင်ပြီး အတန်းတင် အစမ်းစာမေးပွဲဖြေဆိုနေကြခြင်း ဖြစ်သည်။

ဗုံးပေါက်ကွဲမှုကြောင့် ကင်မွန်းချောင်း အထက်တန်းကျောင်းကို ဇန်နဝါရီ ၅ရက်နေ့ တစ်ရက် ယာယီပိတ်ထားလိုက်ပြီဖြစ်ကြောင်း ကျောင်းသားမိဘတစ်ဦးက ပြောသည်။

"အစ်မတို့လည်း ကျောင်းသွားပို့တယ်။ စာမေးပွဲဖြေနေတော့ အကြိုအပိုလုပ်ပေးတာပေါ့။ အမတို့ ရှေ့မှာပဲ အသံအကျယ်ကြီးနဲ့ ပေါက်သွားတာ။ ဒီနေ့တော့ အကုန်ပြန်လွှတ်ပေးတယ်။ မနက်ဖြန်တော့ ကျောင်းဖွင့်တယ် ပုံမှန်အတိုင်း ပြန်တက်ရမယ်"ဟု ၎င်းက ပြောသည်။

ဇန်နဝါရီ ၇ ရက်တွင် ကျောင်းကို ပြန်ဖွင့်မည်ဖြစ်ပြီး စာမေးပွဲကိုလည်း ယခင်အတိုင်း ပြန်လည်ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။

ထိခိုက်ဒဏ်ရာရရှိသူများကို ကင်မွန်းချောင်း တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားကာ ဆေးကုသမှုပေးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ဗုံးပေါက်ကွဲမှုကြောင့် ကျောင်းပတ်ဝန်းကျင်နှင့် အနီးအနားကို ရှာဖွေမှုများ ပြုလုပ်နေပြီး ဆိုင်ကယ်များကိုလည်း စစ်ဆေးရှာဖွေနေကြောင်း သိရသည်။

June 13, 2026
စစ်အုပ်စုက ရက် ၁၀၀ စီမံကိန်းအဖြစ် ကြေညာခဲ့သည့် ဧပြီလ ၂၀ ရက်နေ့မှ ဇွန်လ ၁၀ ရက်နေ့အတွင်း စစ်တပ်၏...
June 12, 2026
မွန်ပြည်နယ်တွင် အသက် ၁၅ နှစ်အောက်ကလေးများ သွေးလွန်တုပ်ကွေး စတင်ဖြစ်ပွားနေပြီးဖြစ်သဖြင့်...
June 11, 2026
မွန်ပြည်နယ်အတွင်းရှိ အခြေခံပညာ မူလတန်းအဆင့်တွင် မွန်တိုင်းရင်းသားစာပေကို Grade 5 အထိ...
June 10, 2026
မွန်ပြည်နယ်အတွင်းရှိ ခရီးသည်ပို့ဆောင်ရေး မှန်လုံယာဉ်များ ထိုင်းကုန်ပစ္စည်း မသယ်ဆောင်ရန် ပြည်နယ်...