ကျောက်တော် -ပလက်ဝ အစိုးရဇက်ရေယာဉ် တစ်ပတ်နှစ်ကြိမ် တိုးချဲ့ပြေးဆွဲ

ကျောက်တော် -ပလက်ဝ အစိုးရဇက်ရေယာဉ် တစ်ပတ်နှစ်ကြိမ် တိုးချဲ့ပြေးဆွဲ

ရခိုင်ပြည်နယ် ကျောက်တော်မြို့နှင့် ချင်းပြည်နယ် ပလက်ဝမြို့အကြား ကုလားတန်မြစ်ကြောင်းအတိုင်း အစိုးရဇက်ရေယာဉ်ကို တစ်ပတ်လျှင် နှစ်ကြိမ် တိုးချဲ့ပြေးဆွဲနေပြီဟု ရခိုင်ပြည်နယ်ကောင်စီပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ပြောသည်။

“အခုရက်ပိုင်းမှာတော့ လူစီးများလာပါတယ်။ ဟိုတစ်နေ့ကဆိုရင် အမျိုးသား၊ အမျိုးသမီး လူ ၂၀၀ ကျော်ပါလာတယ်။ ကုန်က ၃၆ တန်ပါလာတယ် တစ်စီးလုံးမှာ။ ပြည်သူတွေတောင်းဆိုချက်အရ တစ်ပတ်ကိုနှစ်ရက် ပြေးဆွဲပေးမှာဖြစ်ပါတယ်” ဟုပြောသည်။

ဇန်နဝါရီလ ၃ ရက်က ရခိုင်ပြည်နယ်ဥပဒေချုပ်ရုံးအစည်းအဝေးခန်းတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဦးလှသိန်းက သတင်းထောက်များကို ယခုကဲ့သို့ပြောဆိုသွားခဲ့ခြင်းဖြစ်သည်။

ယခင်က ကျောက်တော်မှ ပလက်ဝသို့ ပြည်တွင်းရေကြောင်းပိုင် ရေနယား - ၁ အမည်ရှိ ဇက်ရေယာဉ်ဖြင့် အပတ်စဉ် သောကြာနေ့တစ်ရက်တည်းသာ ဇက်ရေယာဉ်ဖြင့်ပြေးဆွဲပေးခဲ့သော်လည်း ယမန်နေ့ ဇန်နဝါရီလ ၄ ရက်မှစတင်ကာ အပတ်စဉ် အင်္ဂါနှင့် သောကြာနေ့များတွင် တစ်ပတ်လျှင် နှစ်ကြိမ်စီပြေးဆွဲပေးနေခြင်းဖြစ်သည်။

အဆိုပါခရီးစဉ်တွင် ခရီးသည်တစ်ဦး၏ ရေယာဉ်ခကို ကျပ် ၁၈၀၀ နှင့် ကုန်တစ်တန်လျှင် ကျပ် ၁၁၂,၀၀ စီသတ်မှတ်ကာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်မှ စတင်ပြေးဆွဲနေခြင်းဖြစ်သည်။

August 1, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ရွှေလှေကျေးရွာကို စစ်တပ်က လေကြောင်းမှ...
July 31, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ စစ်တပ်ထံ လက်နက်ချအလင်းဝင်သည့် ဖြစ်စဉ်မျိုး...
July 30, 2026
ရခိုင်-မကွေးရိုးပေါ်မှ တစ်ဆင့် နတ်ရေကန်စစ်မျက်နှာသို့ အင်အားဖြည့်တင်းရန် ရောက်ရှိလာခဲ့သော စစ်ကား...
July 27, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အကြား ရိုးတောင်ကျော်လမ်းပေါ်တွင်...