ရေးမြို့နယ် ခေါဇာချောင်းဝရွာရာအိမ်မှူးအသစ် သေနတ်ပစ်ခံရပြီးသေဆုံး

ရေးမြို့နယ် ခေါဇာချောင်းဝရွာရာအိမ်မှူးအသစ် သေနတ်ပစ်ခံရပြီးသေဆုံး

မွန်ပြည်နယ် ရေးမြို့နယ်တောင်ပိုင်း ခေါဇာမြို့နယ်ခွဲ ခေါဇာချောင်းဝရွာမှရာအိမ်မှူးဦးရဲဝင်း ဇန်နဝါရီလ ၂ ရက်နေ့တွင် အသတ်ခံခဲ့ရကြောင်း ရေးမြို့နယ်ရဲစခန်းမှသိရသည်။

လပိုင်းမျှသာ ရာအိမ်မှူးဖြစ်လာသည့် ဦးရဲဝင်းသည် ဇန်နဝါရီလ ၁ ရက်နေ့ ည ၈ နာရီခန့်တွင် လက်နက်ကိုင်လူတချို့၏ ဖမ်းဆီးမှုကိုခံခဲ့ရပြီး နောက်တစ်နေ့တွင်ကျေးရွာအဝင်၌ သေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့ကြောင်း ရေးမြို့မရဲစခန်းမှတာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ကိုရဲဝင်းကို လက်နက်ကိုင်တွေ ဖမ်းသွားတယ်ဆိုပြီး ကျွန်တော်တို့ သိရတယ်။ ကျွန်တော်တို့ လိုက်ပါသေးတယ်။ ဒါပေမဲ့ နောက်နေ့ကျတော့ သူ့အလောင်းပဲပြန်ရတယ်။ သူက ကြံ့ခိုင်ရေးဥက္ကဌဆိုတာလည်း မဟုတ်ပါဘူး။ ရာအိမ်မှူးအသစ်ပါပဲ”ဟု ရေးမြို့နယ် ရဲတပ်ဖွဲ့မှူးဦးသိန်းဇော်က ဆိုသည်။

ခေါဇာချောင်းဝကျေးရွာ၌ ဦးရဲဝင်းအလောင်းကို စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး သေနတ်အပစ်ခံရသဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့အတည်ပြုသော်လည်း  မည်သည့်အဖွဲ့အစည်း (သို့မဟုတ်) မည်သူမည်ဝါလုပ်ဆောင်သွားသည်ကို မသိရသေးပေ။

ပြီးခဲ့သည့်နိုဝင်ဘာလ ၂၈ ရက်နေ့တွင်လည်း ရေးမြို့ပေါ် အောင်မေတ္တာရပ်ကွက်မှ ရာအိမ်မူး ကိုစိုး ဆိုသူကိုလည်း လက်နက်ကိုင်လူတစ်စုမှ နေအိမ်အထိလာရောက်ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသည်။

August 10, 2026
မွန်ပြည်၊ ရေးမြို့နယ်အခြေစိုက် တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သည့် ရေးဘီလူးအဖွဲ့၏ ဖေ့ဘွတ်လူမှုကွန်ရက်...
August 7, 2026
မွန်နှင့် ကရင်ပြည် ထိစပ်နေသည့် ကျေးရွာအချို့တွင် ဒေသတွင်းလက်နက်ကိုင်အဖွဲ့များ၏ မူးယစ်ဆေးဝါး...
August 7, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ရေဖြူ - ကလိန်အောင် ကားလမ်းပိုင်းရှိ ကျောက်ကဒင်ကျေးရွာ...
August 6, 2026
မွန်ပြည်၊ ဘီးလင်းမြို့မရဲစခန်းမှ ရဲတပ်ကြပ်တစ်ဦး၏ ညီဖြစ်သူအပါအဝင် လူငယ် ၇ ဦးကို စစ်တပ်၊...