ရေးမြို့နယ် ခေါဇာချောင်းဝရွာရာအိမ်မှူးအသစ် သေနတ်ပစ်ခံရပြီးသေဆုံး

ရေးမြို့နယ် ခေါဇာချောင်းဝရွာရာအိမ်မှူးအသစ် သေနတ်ပစ်ခံရပြီးသေဆုံး

မွန်ပြည်နယ် ရေးမြို့နယ်တောင်ပိုင်း ခေါဇာမြို့နယ်ခွဲ ခေါဇာချောင်းဝရွာမှရာအိမ်မှူးဦးရဲဝင်း ဇန်နဝါရီလ ၂ ရက်နေ့တွင် အသတ်ခံခဲ့ရကြောင်း ရေးမြို့နယ်ရဲစခန်းမှသိရသည်။

လပိုင်းမျှသာ ရာအိမ်မှူးဖြစ်လာသည့် ဦးရဲဝင်းသည် ဇန်နဝါရီလ ၁ ရက်နေ့ ည ၈ နာရီခန့်တွင် လက်နက်ကိုင်လူတချို့၏ ဖမ်းဆီးမှုကိုခံခဲ့ရပြီး နောက်တစ်နေ့တွင်ကျေးရွာအဝင်၌ သေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့ကြောင်း ရေးမြို့မရဲစခန်းမှတာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ကိုရဲဝင်းကို လက်နက်ကိုင်တွေ ဖမ်းသွားတယ်ဆိုပြီး ကျွန်တော်တို့ သိရတယ်။ ကျွန်တော်တို့ လိုက်ပါသေးတယ်။ ဒါပေမဲ့ နောက်နေ့ကျတော့ သူ့အလောင်းပဲပြန်ရတယ်။ သူက ကြံ့ခိုင်ရေးဥက္ကဌဆိုတာလည်း မဟုတ်ပါဘူး။ ရာအိမ်မှူးအသစ်ပါပဲ”ဟု ရေးမြို့နယ် ရဲတပ်ဖွဲ့မှူးဦးသိန်းဇော်က ဆိုသည်။

ခေါဇာချောင်းဝကျေးရွာ၌ ဦးရဲဝင်းအလောင်းကို စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး သေနတ်အပစ်ခံရသဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့အတည်ပြုသော်လည်း  မည်သည့်အဖွဲ့အစည်း (သို့မဟုတ်) မည်သူမည်ဝါလုပ်ဆောင်သွားသည်ကို မသိရသေးပေ။

ပြီးခဲ့သည့်နိုဝင်ဘာလ ၂၈ ရက်နေ့တွင်လည်း ရေးမြို့ပေါ် အောင်မေတ္တာရပ်ကွက်မှ ရာအိမ်မူး ကိုစိုး ဆိုသူကိုလည်း လက်နက်ကိုင်လူတစ်စုမှ နေအိမ်အထိလာရောက်ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသည်။

Most read this week

December 19, 2025
တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၁၂ က...
December 18, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင် ဌာနဆိုင်ရာရုံးများကို တော်လှန်ရေး...
Photo credit - social media
December 17, 2025
မွန်ပြည်နယ်မှာ စစ်မှုထမ်းဥပဒေအရဟုဆိုကာ လူငယ်များအား အဓမ္မတပ်သားသစ်စုဆောင်း၍ သင်တန်းပေးနေသည်မှာ...
Photo credit - CJ
December 16, 2025
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းမြစ်အတွင်း စစ်ကော်မရှင်အဖွဲ့၏ ပစ်ခတ်ခံရမှုကြောင့် ရေထဲမျောပါ...