တရားခံပြေးအချိုင် လက်နက်ခဲယမ်းများနှင့်အတူ ရေးမြို့စကခ ၁၉ တွင် လာရောက်အဖမ်းခံ

တရားခံပြေးအချိုင် လက်နက်ခဲယမ်းများနှင့်အတူ ရေးမြို့စကခ ၁၉ တွင် လာရောက်အဖမ်းခံ

လူသတ်မှု၊ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုနှင့် တရားမဝင် လက်နက်ကိုင်ဆောင်မှုတို့ဖြင့် ရဲစခန်းက အလိုရှိနေသော တရားခံပြေး အချိုင်(ခ) ဝမ်ချိုင်မှ ၎င်း၏သဘောဆန္ဒအလျောက် လက်နက်ခဲယမ်းများနှင့်အတူ စကခ ၁၉ တွင် ဒီဇင်ဘာလ ၂၉ ရက်နေ့က လာရောက်အဖမ်းခံလိုက်ကြောင်း သတင်းရရှိသည်။

၎င်းကိုင်ဆောင်သည့် ထိုင်းနိုင်ငံထုတ် Glock အမျိုးအစား ၉ မမ ပစ္စတို ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ MA-1 (၁)လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ကျည် (၁၀) တောင့်တို့နှင့်အတူ ရေးမြို့အခြေစိုက် အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်သို့ လာရောက် အဖမ်းခံခဲ့ကြောင်း နီးစပ်သူများထံမှ သိရသည်။

“ဟိုတလောက သူညီ ဝမ်ဒီ လက်နက်မှုနဲ့ အဖမ်းခံထိတယ်၊ နောက်ပြီး သူ့တပည့်အပေါင်းအပါတွေလည်း အဖမ်းခံထားရတယ်၊ သူတို့ညီအစ်ကိုယ်ကိစ္စနဲ့ပတ်သက်လို့ သူ့အမေကိုလည်း တလောက ထိန်းသိမ်းခံလိုက်ရ သေးတယ်၊ သူတစ်ယောက်ထဲ ဆက်ပြီးရပ်တည်လို့မရနိုင်တော့တဲ့အနေအထားပါ၊ သူ့အဖေ(နိုင်ရွှေ)နဲ့ သိပ်ကိုရင်းနှီးတဲ့ အာယုတောင်ကျေးရွာဥက္ကဌ တပ်ထွက်ဗိုလ်ကြီးဟောင်းအဆက်အသွယ်နဲ့ စကခ ၁၉ မှာ လက်နက်ချလိုက်တာလို့ သိရတယ်” ဟု ရေးမြို့စစ်တပ်အသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

သို့ရာတွင် ဝမ်ချိုင်အနေဖြင့် ကျန်းမာရေးမကောင်းသည့်မိခင်အား အနီးကပ်ပြုစုစောင့်ရှောက်ကာ အေးချမ်းစွာနေထိုင်လိုခြင်း၊ တရားမဝင်နည်းလမ်းများဖြင့် ဝင်ငွေရရှိအောင် ဆောင်ရွက်လိုစိတ်မရှိခြင်း၊ ၎င်းနေထိုင်သည့်ကျေးရွာအနီးတစ်ဝိုက်အား စစ်တပ်မှ နယ်မြေစိုးမိုးရေးဆောင်ရွက်လာသဖြင့် ထွက်ပြေးတိမ်းရှောင်ရန် အခက်အခဲဖြစ်ပေါ်လာခြင်းတို့ကြောင့် ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်အဖမ်းခံခဲ့ခြင်းဖြစ်ကြောင်း ၄င်းနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

ရေးမြို့နယ် စုံနံ့သာကျေးရွာခွဲ အုပ်ချုပ်ရေးမှူးဟောင်း ဦးမျိုးဝင်းအား ပြီးခဲ့သည့် ဇူလိုင် ၂၅ ရက်နေ့ သေနတ်ပစ်ခတ်မှုတွင် အချိုင်ကို ရဲကအလိုရှိနေသည်ဟု ၄င်းက ပြောသည်။

ထို့ပြင် ၂၀၂၀ ခုနှစ် ဇူလိုင် ၈ ရက်နေ့က စုံနံ့သာကျေးရွာ ရာဘာခြံတစ်ခုတွင် မူးယစ်ဆေးဝါးလာရောက်ဖမ်းဆီးသည့် ရဲနှင့်စစ်သားများကို အချိုင်က သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် တပ်ကြပ်ကြီးတစ်ဦးသေဆုံးခဲ့သည့်အတွက် ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့်ခံထားရသူဖြစ်ကြောင်း ရေးမြို့မ ရဲစခန်းမှသိရသည်။

March 2, 2026
မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောၚ်အသီးသီးက အကျဉ်းသား အကျဉ်းသူ ၁၆၀ ကျော် ပြန်လွတ်လာပြီး...
ပုံ- IMNA
February 28, 2026
တော်လှန်ရေးကာလတစ်လျှောက်တွင် အမျိုးသမီးများ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးရာကဏ္ဍများ၌...
ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...
February 25, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်အထွက်ရှိ ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်၌...