ဘူးသီးတောင်မြို့နယ် မေယုမြစ်ဖျားတွင် ငါးကောင်ရေ ၂ သိန်းကျော်စိုက်ထည့်

ဘူးသီးတောင်မြို့နယ် မေယုမြစ်ဖျားတွင် ငါးကောင်ရေ ၂ သိန်းကျော်စိုက်ထည့်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် မေယုမြစ်ဖျားရှိ သဘာဝရေပြင်အတွင်းသို့ ငါးကောင်ရေ ၂ သိန်းကျော် စိုက်ထည့်ခဲ့ကြောင်း သိရသည်။

ဘူးသီးတောင်မြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာနက ဒီဇင်ဘာ ၂၂ ရက်တွင် စိုက်ထည့်ခဲ့ခြင်းဖြစ်သည်။

ငါးသယံဇာတများ စဉ်ဆက်မပြတ် ရေရှည်ထိန်းသိ်မ်းနိုင်စေရေးနှင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့်ဝင်ငွေရရှိစေရေးအတွက် စိုက်ထည့်ရခြင်းဖြစ်သည်ဟု သိရသည်။

ယခုကဲ့သို့ ငါးမရှိသောနေရာတွင် ငါးများစိုက်ထည့်နိုင်ခြင်းသည် ဒေသခံများအတွက် များစွာအကျိုးကျေးဇူးရှိသည်ဟုလည်း ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးသက်ဦးက နိရဥ္စရာကို ပြောသည်။

“ဒါက ဒေသခံတွေအတွက် အကျိုးအများကြီးရှိတယ်။ နှစ်တိုင်းလည်း ထည့်ပါတယ်”ဟုပြောသည်။

ယခုစိုက်ထည့်ခဲ့သောငါးအမျိုးအစားများမှာ ငါးမြစ်ချင်း နှစ်လက်မအရွယ် ကောင်ရေ ၁ သောင်း၊ ရွှေဝါငါးကြင်း ၄ သောင်းနှင့် ထိုင်းငါးခုံးမကြီးကောင်ရေ ၁ သိန်းခြောက်သောင်း၊ စုစုပေါင်း ကောင်ရေ ၂ သိန်း ၁ သောင်းတို့ဖြစ်သည်ဟု သိရသည်။

ယင်းနေ့ကအခမ်းအနားသို့ ဘူးသီးတောင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျန်အေးနှင့်အဖွဲ့ဝင်များ၊ မောင်တောခရိုင်/မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှတာဝန်ရှိသူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့သည်ဟု သိရသည်။

August 1, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ရွှေလှေကျေးရွာကို စစ်တပ်က လေကြောင်းမှ...
July 31, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ စစ်တပ်ထံ လက်နက်ချအလင်းဝင်သည့် ဖြစ်စဉ်မျိုး...
July 30, 2026
ရခိုင်-မကွေးရိုးပေါ်မှ တစ်ဆင့် နတ်ရေကန်စစ်မျက်နှာသို့ အင်အားဖြည့်တင်းရန် ရောက်ရှိလာခဲ့သော စစ်ကား...
July 27, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အကြား ရိုးတောင်ကျော်လမ်းပေါ်တွင်...