နယ်ခြားစောင့်တပ် ၄ ဦးကို စစ်ကောင်စီသတ်ဖြတ်ခဲ့ပြီးနောက် ကလေးတွေအပါအဝင် အမျိုးသမီးတွေပါ ဖမ်းဆီးခေါ်ဆောင်

နယ်ခြားစောင့်တပ် ၄ ဦးကို စစ်ကောင်စီသတ်ဖြတ်ခဲ့ပြီးနောက် ကလေးတွေအပါအဝင် အမျိုးသမီးတွေပါ ဖမ်းဆီးခေါ်ဆောင်

ဒီကနေ့ ဖရူဆိုမြို့နယ်ကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်တွေဟာ ဖရူဆိုမြို့နယ်ထဲက နယ်ခြားစောင့်တပ် ၄ ဦးကို သတ်ဖြတ်ခဲ့ပြီး လမ်းသွားလမ်းလာ အမျိုးသမီးတွေနဲ့ ကလေး ၁၀ ဦးကို ဖမ်းဆီးခဲ့တယ်လို့ KNDF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“အမျိုးသမီးကောကလေးကောပါတယ်ဗျ။ ဒါပေမဲ့လူဦးရေအတိကျတော့ကျနော်မသိဘူး။…

နယ်ခြားစောင့်တပ်တွေတောင်မှ စစ်တပ်ကသတ်တယ်ဆိုတော့ ဘာမှ ပြောစရာအကြောင်းမရှိဘူးလို့ကျနော်ပြောချင်တယ်။ နယ်ခြားစောင့်တပ်က စစ်တပ်ရဲ့ အုပ်ချုပ်မှုရဲ့တစ်နည်းတစ်စုံ ပါဝင်ပတ်သက်ဆက်နွယ်မှုတွေရှိတယ်ဗျား ကျနော်ပြောချင်တာ။ အဲ့လိုလူတွေတောင်မှ လူလိုသူလိုမဆက်ဆံဘဲ သတ်တယ်ဆိုတော့ ဒါက တော်တော်စဉ်းစားရမှာဖြစ်သွားပြီ။ “ လို့ KNDF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အသတ်ခံရတဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေဟာ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီးမှာ ကင်းစခန်းချထားတဲ့ နယ်ခြားစောင့်တပ် တပ်ဖွဲ့ဝင် တွေဖြစ်ပြီး လက်နောက်ပြန်ကြိုးတုတ် သတ်ဖြတ်ခဲ့တယ်လို့ KNDF ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒီကနေ့ (ဒီဇင်ဘာလ ၂၄) နေ့လည် ၁၁နာရီခွဲအချိန် မှာ ဒီးမော့ဆိုမြို့နယ်ဖက်ကနေ ဖရူဆိုမြို့နယ်ဖက်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့ ကရင်နီတပ်မတော်(KA)၊KNDF ပူးပေါင်းတပ်ဖွဲ့တို့ ဟာ ဖရူဆိုမြို့နယ် မိုဆိုကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

လေးနာရီကျော်ကြာမြင့်ခဲ့တဲ့ အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဖက်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်တဲ့အတွက် မိုဆိုကျေးရွာနေပြည်သူတစ်ဦး ထိခိုက်ခဲ့ပါတယ်။ ဒါ့အပြင် စစ်ကောင်စီကနေပြီးတော့ ဒန်ပါကား(၃)စီး၊ ကားငယ်(၃)စီး၊ ထော်လာဂျီနဲ့ ဆိုင်ကယ် (၅)စီး မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်းက ကျေးရွာ ၂၀ ကျော်လောက်လည်း စစ်ရှောင်နေကြရတယ်လို့ သိရပါတယ်။ဒါ့အပြင် ဒီမနက် လွိုင်ကော်မြို့နယ်အတွင်းမှာ လက်နက်ကြီး ပစ်ခတ်မှုရှိခဲ့ပြီး ဘာဒိုကျေးရွာက ဒေသခံတစ်ဦးသေဆုံးပြီး၊ တစ်ဦးဒဏ်ရာရခဲ့ပါတယ်။

August 17, 2026
အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များကို အာမခံနိုင်မှု...
ဓာတ်ပုံ - ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) ရှိ ဆေးပေးခန်း (ပုံဟောင်း)
August 17, 2026
ထိုင်း-ကရင်နီနယ်စပ်ရှိ ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) ၌ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ အဖြစ်...
August 14, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်သည် ဒေါပိုရှေ့ကျေးရွာ၌...
ဓာတ်ပုံ - ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်တစ်ခုသို့ ရောက်ရှိလာသည့် ကရင်နီဒုက္ခသည်များကို တွေ့ရစဉ်/Photo Credit - ณรงค์เวทย์ มหเศรษฐพงษ์ (Facebook)
August 14, 2026
ထိုင်းအစိုးရ အစီအစဉ်ဖြင့် ကရင်နီ ဒုက္ခသည်လူငယ်များ လုပ်ငန်းခွင်အသီးသီး၌ တရားဝင် အလုပ်လုပ်ကိုင်နေ...