ရော်ဘာခြံများတွင် အလုပ်သမား အခက်အခဲရှိသောကြောင့် အစေးမခြစ်နိုင်

ရော်ဘာခြံများတွင် အလုပ်သမား အခက်အခဲရှိသောကြောင့် အစေးမခြစ်နိုင်

မွန်ပြည်နယ် ရော်ဘာခြံများတွင် လတ်တလော အလုပ်သမား အခက်အခဲရှိနေသောကြောင့် အချိန်မီအစေးမခြစ်နိုင်ကြောင်း လုပ်ငန်းရှင်များထံက သိရသည်။

ဧရာဝတီတိုင်း နှင့် ပဲခူးတိုင်းမှ ရွေ့ပြောင်းအလုပ်သမားများ လာရောက်လုပ်ကိုင်လေ့ရှိသော်လည်း လက်ရှိတွင် ကိုဗစ်ရောဂါ ဖြစ်ပွားနေခြင်း၊ နိုင်ငံရေးမတည်ငြိမ်သောကြောင့် အလုပ်သမားများ သွားလာမှုအဆင်မပြေခြင်းကြောင့် အခက်အခဲရှိနေကြောင်း ရော်ဘာလုပ်ငန်းရှင် တစ်ဦးက ပြောသည်။

" ကျွန်တော်တို့မှာ ရော်ဘာလုပ်ငန်းလုပ်တယ်။ ကျွန်တော်တို့နယ်တွေမှာကတော့ ရွေ့ပြောင်းလုပ်သမား မရတဲ့ ပြဿနာပေါ့လေ။  ဧရာဝတီတို့၊ ပဲခူးတို့ဘက်က သွားလာရေး အဆင်မပြေတဲ့အခါ  အခက်အခဲတော့ ရှိတယ်ပေါ့လေ"ဟု ၎င်းက ပြောသည်။

ယင်းသို့ အစေးခြစ် အလုပ်သမားများ မရှိသောကြောင့် ရာဘာအထွက်နှုန်းလည်း ကျဆင်းလာကြောင်း ဆက်ပြောသည်။

အလုပ်သမားအခက်အခဲကြောင့် တစ်ချို့သည် ရော်ဘာပင်များကို ခုတ်လှဲကာ ဖြတ်ပိုင်းရောင်းချနေကြကြောင်း မုဒုံမြို့နယ်က ရော်ဘာခြံပိုင်ရှင်တစ်ဦးက ပြောသည်။

"ရော်ဘာအစေးခြစ်မယ့်သူက မရှိဘူး။ လာလည်း မလာကြဘူး။ ကိုယ်တိုင်လုပ်တာပေါ့။ ကိုယ်တိုင်လုပ်ကြည့်သေးတယ်။ ဒါပေမယ့် ကြာရှည် မလုပ်နိုင်ဘူးလေ။ အဲဒါကြောင့် အပင် ခုတ်ရောင်းတယ်။ တစ်ချို့ဆို ခြံပါ ပိတ်ထားကြတယ်"ဟု ၎င်းက ပြောသည်။



လက်ရှိတွင် RSS1 တစ်ပေါင် ငွေကျပ် ၉၈၀ မှ ၁၀၅၀ ကျပ်ထိ ပေါက်ဈေးရှိကြောင်း ရာဘာအဝယ်ဒိုင်များတွင် စျေးဖွင့်ထားသည်။

မွန်ပြည်နယ်အတွင်း ရော်ဘာ ခြံ ဧက ငါးသိန်းကျော်ရှိပြီး ပိတ်သိမ်းသွားသည့် ခြံဧက နှစ်သိန်း နီးပါး ရှိကြောင်း ရာဘာလုပ်ငန်းရှင်အသင်းမှ သိရသည်။

March 2, 2026
မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောၚ်အသီးသီးက အကျဉ်းသား အကျဉ်းသူ ၁၆၀ ကျော် ပြန်လွတ်လာပြီး...
ပုံ- IMNA
February 28, 2026
တော်လှန်ရေးကာလတစ်လျှောက်တွင် အမျိုးသမီးများ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးရာကဏ္ဍများ၌...
ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...
February 25, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်အထွက်ရှိ ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်၌...