CDM စစ်သားအား ငွေကျပ်တစ်သောင်းထောက်ပံ့မိ၍ တောင်ကုတ်တွင် CDM ဆရာမ ဖမ်းဆီးအမှုဖွင့်ခံရဟုဆို

CDM စစ်သားအား ငွေကျပ်တစ်သောင်းထောက်ပံ့မိ၍ တောင်ကုတ်တွင် CDM ဆရာမ ဖမ်းဆီးအမှုဖွင့်ခံရဟုဆို

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ ကံပိုင်ရပ်ကွက်နေ CDM လုပ်နေသည့် အထက်တန်းပြဆရာမ ဖမ်းဆီးအမှုဖွင့်ခံရခြင်းမှာ CDM စစ်သား ၁ ဦးအား ငွေကျပ် ၁ သောင်းထောက်ပံ့ခဲ့ခြင်းကြောင့်ဟု သိရသည်။

ဖမ်းဆီးအမှုဖွင့်ခံထားရသူမှာ တောင်ကုတ်မြို့၊ ကံပိုင်ရပ်ကွက်မှ အသက် ၄၀ အရွယ် ဒေါ်ချယ်ရီသက်ရှည်ဖြစ်သည်။

CDM လုပ်ထားသည့် စစ်သားတစ်ဦး ထမင်းငတ်နေသဖြင့် K pay ဖြင့် ငွေကျပ် ၁ သောင်းလှူဖူးခဲ့သောကြောင့် PDF ကို ငွေကြေးထောက်ပံ့သည်ဟုဆိုကာ ဖမ်းဆီးအမှုဖွင့်ခံရခြင်းဖြစ်သည်ဟု သူမ၏ မိသားစုဝင်တစ်ဦးက နိရဥ္စရာသို့ပြောသည်။

“အဲလိုမျိုးလှူလို့ PDF နဲ့ဆက်စပ်တယ်ဆိုပြီး အမှုဖွင့်တာလို့ ရဲစခန်းကပြောတယ်။ တရားလိုကတော့ ရဲဘက်ကပဲ ထင်ပါတယ််။ ပုဒ်မတပ်ပြီး အမှုဖွင့်ထားတာတော့ ရှိတယ်။ တရားကတော့ မစွဲရသေးဘူး၊ ခရိုင်တရားရုံးမှာပဲ စွဲမှာတဲ့” ဟုပြောသည်။

သူမသည် ပြီးခဲ့သည့်နိုဝင်ဘာလ ၂၀ ရက်နံနက်တွင် သူမ၏နေအိမ်မှ ရဲနှင့်စရဖက လာရောက်ဖမ်းဆီးခေါ်ဆောင်ခြင်းကိုခံခဲ့ရခြင်းဖြစ်သည်။

လက်ရှိတွင် သူမကို အကြမ်းဖက်မှုပုဒ်မ ၅၀(ည)ဖြင့် တောင်ကုတ်ရဲစခန်းတွင် အမှုဖွင့်ထိန်းသိမ်းထားပြီး လာမည့် ဒီဇင်ဘာလ ၂၃ ရက်အထိ ရမန်ယူထားကြောင်း သိရသည်။

သူမသည် တောင်ကုတ်အထက(၂)မှ အထက်တန်းပြဆရာမဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်းမှစတင်ကာ CDM လုပ်နေသူဖြစ်သည်ဟု သိရသည်။

လက်ရှိတွင် ရခိုင်၌ PDF နှင့်ဆက်စပ်သံသယဖြင့် သံတွဲမြို့မှ ဦးစိန်ချစ်(၄၂)နှစ်၊ ငပလီမြို့မှ ကိုရဲနိုင်ဦး (၂၄)နှစ်နှင့် မငြိမ်းအိဖြူကျော်(၃၅)နှစ်၊ သံတွဲမြို့မှ မတင်စန္ဒာဝင်းနှင့် ဒေါ်စန်းချိုသိုက်(၅၀)နှစ်နှင့် ကိုမင်းဒီပါ (၂၄)နှစ်၊ ကျောက်ဖြူမှ တက္ကသိုလ်ကျောင်းသူ မအေးမြင့်မြတ်အောင်(၂၁)နှစ်နှင့် တောင်ကုတ်မှ ကိုမင်းကိုဦးတို့သည်လည်း အကြမ်းဖက်မှုပုဒ်မ ၅၀(က)၊ ၅၂(က)၊ ၅၀(ည)တို့ဖြင့် ဖမ်းဆီးတရားစွဲဆိုထိန်းသိမ်းခံထားရကြောင်း သိရသည်။

August 1, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ရွှေလှေကျေးရွာကို စစ်တပ်က လေကြောင်းမှ...
July 31, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ စစ်တပ်ထံ လက်နက်ချအလင်းဝင်သည့် ဖြစ်စဉ်မျိုး...
July 30, 2026
ရခိုင်-မကွေးရိုးပေါ်မှ တစ်ဆင့် နတ်ရေကန်စစ်မျက်နှာသို့ အင်အားဖြည့်တင်းရန် ရောက်ရှိလာခဲ့သော စစ်ကား...
July 27, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အကြား ရိုးတောင်ကျော်လမ်းပေါ်တွင်...