မုံးကိုးတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၀၀ နီးပါး သေဆုံး၊ လက်နက် အများအပြား သိမ်းဆည်းမိကြောင်း ကိုးကန့်တပ်ဖွဲ့ ထုတ်ပြန်

မုံးကိုးတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၀၀ နီးပါး သေဆုံး၊ လက်နက် အများအပြား သိမ်းဆည်းမိကြောင်း ကိုးကန့်တပ်ဖွဲ့ ထုတ်ပြန်

ရှမ်းပြည်နယ်၊ မုံးကိုးတွင် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် MNDAA နှင့် စစ်ကောင်စီတပ်များ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သား ၁၀၀ နီးပါး သေဆုံးကာ လက်နက် အများအပြား သိမ်းဆည်းရမိကြောင်း MNDAA တပ်ဖွဲ့ အာဘော် The Kokang သတင်းဌာနက ယမန်နေ့ ဒီဇင်ဘာလ ၂၀ ရက်တွင် သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် စစ်ကောင်စီတပ်သည် အထူးဒေသ (၁) မုံးကိုးခရိုင်၊ ဖောင်းဆိုင်ဒေသရှိ MNDAA (ကိုးကန့်) ၏ မန်ရန်တပ်စခန်းကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ပြီး မြေပြင်အမြောက်အဖွဲ့က မတူညီသော လက်နက်ကြီး အမြောက် ၁၅၀၀ ကျော် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

ထို့အပြင် လေကြောင်းမှလည်း တိုက်လေယာဉ်များဖြင့် ဗုံးကြဲခဲ့ပြီး၊ စစ်ကောင်စီ တပ်မ (၉၉) လက်အောက်ခံ တပ်ရင်း (၁၅)၊ (၅၉)၊ (၁၅)၊ (၇၉)၊ (၁၁၃) နှင့် တပ်မ (၇၇) လက်အောက်ခံ တပ်ရင်း (၃၁၃) များမှ အင်အား ၅၀၀ ကျော် စုဝေးပြီး မန်ရန်တပ်စခန်းကို ဆယ်ကြိမ် ထိုးစစ်ဆင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဒီဇင်ဘာ ၁၉ ရက်နေ့ တစ်နေ့လုံး တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်မြေပြင်မှ စစ်ကောင်စီတပ်သား အလောင်း အများအပြား အပြင် အခြားဒဏ်ရာရ စစ်သား ၈၃ ဦးကို မုံးကိုးမြို့သို့ ပို့ဆောင်ခဲ့ပြီး သယ်ယူပို့ဆောင်စဉ် သုံးဦး သေဆုံးခဲ့ကြောင်း ဆိုသည်။

May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...