မယ်ထော်တလေး တိုက်ပွဲတွင် စစ်ကောင်စီတပ်ခွဲမှူး ၂ ဦး အပါအဝင် ၅၀ ခန့်သေဆုံးဟု NUG ထုတ်ပြန်

မယ်ထော်တလေး တိုက်ပွဲတွင် စစ်ကောင်စီတပ်ခွဲမှူး ၂ ဦး အပါအဝင် ၅၀ ခန့်သေဆုံးဟု NUG ထုတ်ပြန်
စစ်မြေပြင်သတင်းနှင့်ပြန်ကြားရေး(တောင်ပိုင်းတိုင်း)
စစ်မြေပြင်သတင်းနှင့်ပြန်ကြားရေး(တောင်ပိုင်းတိုင်း)

ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် လေးကေ့ကော်ဒေသ မေတ္တာလင်းမြိုင်နှင့် မယ်ထော်တလေးကြားတွင် ယနေ့ မွန်းလွဲ ၁ နာရီကျော်ခန့်ကဖြစ်ပွားသော စစ်ကောင်စီတပ်နှင့် ကရင့်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအကြားတိုက်ပွဲတွင် စစ်ကောင်စီဘက်က တပ်ခွဲမှူးအပါအဝင် ၅၀ ဝန်းကျင်အထိသေဆုံးခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏လက်အောက်ခံသတင်းဌာနက ထုတ်ပြန်သည်။

ဒေသခံ KNLA ၊ PDF ပူးပေါင်း တပ်ဖွဲ့ဝင်များနှင့် အာဏာသိမ်း စစ်ကောင်စီတပ် တို့အကြား တိုက်ပွဲများပြင်းထန်ခဲ့ပြီး အာဏာသိမ်းစစ်တပ်ဘက်မှ တပ်ခွဲမှူး နှစ်ယောက်၊ ဒုတပ်ခွဲမှူး နှစ်ဦး အပါအဝင် ၅၀ ဝန်းကျင် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု PVTV က ယနေ့ညထုတ်ပြန်သည်။

မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုချက် ရယူနေဆဲဖြစ်သည်။ လက်ရှိအချိန် လေးကေ့ကော်ဒေသတွင် အာဏာသိမ်းစစ်ကောင်စီ လေယာဉ်များ ပျံဝဲနေကြောင်းလည်း သိရသည်။

ထို့အပြင်ယနေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများဖြစ်သော ၆၀ မမ တစ်လက်၊ ပစ္စတို လေးလက်၊ စနိုက်ပါ တစ်လက် ၊ MK1 သုံးလက်၊ MK2 သုံးလက် စုစုပေါင်း ၁၂လက်နှင့် လက်ပစ်ဗုံးအချို့၊ ကျည်ကပ်အချို့ နှင့် ကျည်ဆန်များ သိမ်းဆည်းရရှိကြောင်းလည်း သိရသည်။

မေတ္တာလင်းမြိုင်နှင့် မယ်ထော်တလေးကြား ယနေ့မွန်းလွဲပိုင်း တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပြီးနောက် ညနေပိုင်းတွင် ဖလူးကြီးကျေးရွာ၌ တိုက်ပွဲထပ်မံပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး ဖလူကျေးရွာအုပ်စုက ဒေသခံအများအပြား တစ်ဖက်ထိုင်းနိုင်ငံသို့ အရေးပေါ် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

အဆိုပါ ဖလူးကြီးကျေးရွာအတွင်း၌ ယနေ့ညနေ ၅ နာရီခန့်က စတင်ခဲ့သော တိုက်ပွဲသည် ည ၈ နာရီတွင် ရပ်တန့်သွားပြီး ထိုတိုက်ပွဲတွင်လည်း စစ်ကောင်စီဘက်က အကျအဆုံးနှင့် ထိခိုက်ဒဏ်ရာရရှိမှုများစွာ ရှိခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောဆိုသည်။

April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...