ပြည်သူ့စစ်သား စစ်လက်နက်ထုတ်လုပ်ရေးအဖွဲ့က ပြင်းအားမြင့်မိုင်းများ ထုတ်လုပ်နေပြီ

ပြည်သူ့စစ်သား စစ်လက်နက်ထုတ်လုပ်ရေးအဖွဲ့က ပြင်းအားမြင့်မိုင်းများ ထုတ်လုပ်နေပြီ

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ (LDF) များ အတွက် ပြင်းအားမြင့် မိုင်းများစွာကို ထုတ်လုပ်ပေးနေပြီ ဖြစ်ကြောင်း ပြည်သူ့စစ်သား စစ်လက်နက် ထုတ်လုပ်ရေးအဖွဲ့ (PSPT) က ဒီဇင်ဘာလ ၁၇ ရက်က သတင်းထုတ်ပြန်သည်။

တပ်မတော် နည်းပညာ တက္ကသိုလ်ဆင်း CDM စစ်သားများဦးဆောင်ပြီး ရှေ့ထွက်မိုင်း နှင့် ကားမိုင်းများ စမ်းသပ်အောင်မြင်ပြီးနောက် ယခုကဲ့သို့ ပြင်းအားမြင့် မိုင်းများ ဆက်လက်ထုတ် ပေးနေခြင်း ဖြစ်သည်။

ရှေ့ထွက်မိုင်း၏ ရည်ရွယ်ချက်မှာ ရန်သူစစ်ကြောင်းအား ဟန့်တား စစ်ဆင်ရန် နှင့် ရန်သူဒဏ်ရာ ရစေရန် ဖြစ်ပြီး ကားမိုင်း၏ ရည်ရွယ်ချက်မှာ စစ်ကောင်စီ၏ ထောက်ပို့လမ်းကြောင်းအား ဖြတ်တောက်ရန်၊ ယာဉ်များအား ထိခိုက်ပျက်စီးစေရန်နှင့် ရန်သူများ ထိခိုက်ဒဏ်ရာ ရစေရန် ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

" လက်ရှိက စက် အခက်အခဲကြောင့် တစ်ရက် ငါးလုံးသာ ထုတ်နိုင်ပါသေးတယ်။ PSPT မှာ ပရောဂျက်များစွာ ရှိပါသေးတယ်။ နောက်ပိုင်းမှာ ထုတ်ပြန်သွားပါမယ်" ဟု ပြည်သူ့စစ်သား အဖွဲ့ဝင် ဗိုလ်ကြီး ညီသုတက ပြောသည်။

အဆိုပါ မိုင်းများကို Project K1 အမည်ဖြင့် ထုတ်လုပ်နေခြင်း ဖြစ်ပြီး ရန်သူ့စစ်ကြောင်း ကျဆုံး စေနိုင်သည်အထိ လည်းကောင်း အဝေးမှ ထိန်းချုပ်ဖောက်ခွဲ စနစ်ဖြင့် တိုက်ခိုက်နိုင်သည် အထိ လည်းကောင်း လုပ်ဆောင်ထားသည်ဟု ဆိုသည်။

မိုင်းတစ်ခုလျှင် ကုန်ကြမ်း ၊ ယမ်း နှင့် ထိန်းချုပ်စနစ် အပါအဝင် အားလုံးအတွက် မြန်မာကျပ်ငွေ ၉၀‚၀၀၀ ခန့် ကုန်ကျသည်ဟု ဆိုထားသည်။

Project K1 မိုင်းထုတ်လုပ်မှုတွင် PSPT မှ တပ်မတော်နည်းပညာတက္ကသိုလ် DSTA ဆင်း CDM အရာရှိများ နှင့် Captain Ko Nay၊ Captain Moon ၊ Captain Lin Thant ၊ Captain Ju Mone၊ Lieutenant Arteezy၊ Sergeant Flash၊ Ko Bob ၊ Ko Lucifer တို့နှင့် အရပ်သား ကျွမ်းကျင် ပညာရှင်များ ပါဝင်ပါသည်။

ပြည်သူ့စစ်သား စစ်လက်နက် ထုတ်လုပ်ရေးအဖွဲ့ (PSPT) ၏ ပထမအဆင့် ထုတ်လုပ်မှုအဖြစ် အရေအတွက် ၁‚၀၀၀ ထုတ်လုပ်ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ဒေသ ကာကွယ်ရေးတပ်ဖွဲ့များ အား ပေးအပ်သွားမည်ဖြစ်ပြီး လက်ရှိတွင်လည်း စစ်မြေပြင်၌ အသုံးချနေကြောင်း သိရသည်။

Most read this week

ဓါတ်ပုံ - (ပေးပို့ / Crd)
August 22, 2026
ရက်ဆက် မိုးရွာသွန်းမှုများကြောင့် တောင်ကျရေစီးဆင်းမှုများပြီး မွန်ပြည်နယ်နှင့်...
(ဓာတ်ပုံ – CJ)
August 21, 2026
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ တရုတ်နိုင်ငံသားပိုင် Myanmar Silver Spring...
အိုက်ဇောလ်မြို့တွင် ချင်းတော်လှန်ရေးအဖွဲ့များ တွေ့ဆုံပွဲမြင်ကွင်း။
August 21, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောလ်မြို့တွင် ချင်းတော်လှန်ရေးအဖွဲ့များအကြား...
ဘီးလင်းတံတား စစ်ဆေးရေးဂိတ်ရှိ အဆောက်အအုံတစ်ခု / YT
August 20, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်အတွင်း ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်၌ စစ်အုပ်စုတပ်က...