တည်ငြိမ်မှုရှိမနေချိန်တွင် သေနတ်ပစ်ခတ်သံများကြောင့် တောင်ကုတ်ဒေသခံများ စိုးရိမ်ထိတ်လန့်မှုဖြစ်ခဲ့ရ

တည်ငြိမ်မှုရှိမနေချိန်တွင် သေနတ်ပစ်ခတ်သံများကြောင့် တောင်ကုတ်ဒေသခံများ စိုးရိမ်ထိတ်လန့်မှုဖြစ်ခဲ့ရ

ဒီဇင်ဘာ ၁၆ ရက် နံနက် ၇ နာရီမှ ၁၀ နာရီဝန်းကျင်ခန့်တွင် သေနတ်ပစ်ခတ်သံများ အဆက်မပြတ် ထွက်ပေါ်လာသောကြောင့် တောင်ကုတ် ဒေသခံများ စိုးရိမ် ထိတ်လန့်ခဲ့ရကြောင်း သတင်းရရှိသည်။

နိုင်ငံအနှံ့ နိုင်ငံရေးနှင့် စစ်ရေးမတည်ငြိမ်ချိန်တွင် သေနတ်သံများကို ကြိုတင် အသိပေးထားခြင်းမရှိဘဲ ကြားနေရသည့်အတွက် ပိုမို စိုးရိမ် ထိတ်လန့်ခဲ့ရကြောင်း တောင်ကုတ်မြို့၊ ချောင်းကောက်ရပ်ကွက်မှ ကိုဇော်ငြိမ်းလင်းက နိရဥ္စရာကိုပြောသည်။

"ဒီကနေ့မနက် ၇ နာရီလောက်က စပစ်တာ။ ဆက်တိုက်ဆိုတော့ အချက်ရေက ခန့်မှန်းလို့မရပါဘူး။ ရာချီပါတယ်။ နောက်ပိုင်းကျမှ ရဲမေတွေသေနတ်ပစ် လေ့ကျင့်တယ်လို့ကြားရတယ်ပေါ့။ နိုင်ငံအနှံ့မှာလည်း တိုက်ပွဲတွေက ဖြစ်နေတယ်။ မီးကလည်း တစ်ရက် တစ်ကြိမ်၊ နှစ်ကြိမ်ဖြတ်နေတော့ အဲ့ဒီ သေနတ်သံတွေနဲ့ ပိုပြီးစိုးရိမ်ထိတ်လန့်ရပါတယ်။ တစ်ဘက်မှာလည်း ရခိုင်မှာက ကျောင်းတွေလည်း ဖွင့်ထားတော့ ကလေးတွေကျောင်းအသွားအလာကအစ အဲ့ဒီအသံနဲ့ဆို စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်ခင်ဗျ"ဟု ပြောသည်။

လက်နက်စမ်းသပ်မည်ဆိုလျှင်လည်း အများပြည်သူအားလုံးသိအောင် ကြိုတင်အသိပေးကြေညာထားသင့်ကြောင်း တောင်ကုတ်ဒေသခံ ကိုရဲမာန်ခိုင်က နိရဥ္စရာကို ပြောသည်။

"ဒါကို ကြိုတင်ပြီးတော့အသိပေးသင့်တယ်လို့ မြင်တယ်။ အခုလို နိုင်ငံရေး အရှုပ်အရှင်းရှိနေတဲ့အချိန်မှာ ပြည်သူလူထုက ထိတ်လန့်နေတယ်လေ။ အခုလို ကြေညာချက်မရှိဘဲ ၃၄၆ တပ်ရင်းဘက်က သေနတ်သံတွေအဆက်မပြတ် ကြားရတယ်ဆိုတော့ တစ်မြို့လုံးက စိုးရိမ်ထိတ်လန့်မှုရှိတယ်"ဟု ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး တောင်ကုတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းထွေးက စကခ (၅)တွင် လက်နက်လေ့ကျင့်ပစ်ခတ်မည်ကို သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးများကို ကြိုတင်အကြောင်းကြားထားပြီး လေ့ကျင့်ပစ်ခတ်မှုမှာ ၂ ရက်မှ ၃ ရက်ဖြစ်နိုင်ကြောင်း နိရဥ္စရာကိုပြောသည်။

"အဲ့ဒါက တပ်ကလက်နက်လေ့ကျင့်တာပါ။ ကျွန်တော်တို့ကိုလည်း စာပို့ပေးလို့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေရော၊ ဌာနဆိုင်ရာတွေကိုရော လွန်ခဲ့တဲ့ ၂ ရက် လောက်က အကြောင်းကြားထားပါတယ်။ တချို့တွေက ကိုယ့်အလုပ်နဲ့ ကိုယ်ဆိုတော့ မသိကြတာနေမှာပါ"ဟု ပြောသည်။

Most read this week

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...