စံပြ ၆ မိုင်မှာ တိုက်ပွဲမိနစ်၂၀ခန့် ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်မှုရှိ

စံပြ ၆ မိုင်မှာ တိုက်ပွဲမိနစ်၂၀ခန့် ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်မှုရှိ

ဒီးမော့ဆိုမြို့နယ် စံပြ၆မိုင်အုပ်စု ဝမ်းလထွားကျေးရွာမှာ စစ်ကောင်စီနဲ့ KNDF ၊ KA တို့ ဒီဇင်ဘာလ ၁၆ရက်နေ့ မနက် ၁၀နာရီအချိန်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက် ထိခိုက်မှုတွေ ရှိနေတယ်လို့ KNDF B-09 က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ ဘာကြောင့်ဖြစ်တာလဲဆိုတာက ကျနော်တို့ ကျေးရွာနယ်မြေကို ကျူးကျော်လို့ ကျနော်တို့ ထိန်းချုပ်နယ်မြေကို ကျူးကျော်လို့ တိုက်ပွဲဖြစ်တာပေါ့နော။ နောက်ကျနော်တို့ဘက် ၂ယောက်ဒဏ်ရာနှစ်ယောက်ရသွားတယ်။ ဒါပေမယ့် စိုးရိမ်စရာတော့ မရှိပါဘူး။ နောက်သူတို့ ဘက်က ၄ယောက်ကျပြီး နှစ်ယောက်ဒဏ်ရာရသွားတယ်ပေါ့။ “ လို့ KNDF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ထိတွေ့တိုက်ပွဲ မိနစ် ၂၀ ခန့်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ရမ်သမ်းပစ်ခတ်နေတာတွေလည်း ရှိပါတယ်။

လွိုင်ကော်မြို့နယ် အရှေ့ဖက်ခြမ်းမှာလည်း ဒီကနေ့ ဒီဇင်ဘာလ ၁၆ရက်နေ့ မနက်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားနေတာရှိပါတယ်။

စံပြ၆မိုင်ကျေးရွာဟာဆိုရင် စစ်ကောင်စီနဲ့ KA ၊ KNDF တို့ ထိတွေ့တိုက်ပွဲမကြာခဏဖြစ်ပွားခဲ့တဲ့ နေရာဖြစ်ပြီး ဒေသခံတွေ စစ်ဘေးရှောင်နေကြရပါတယ်။

Most read this week

December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...
December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...