FPNCC အဖွဲ့ဝင်များ စစ်ကောင်စီနှင့် မိုင်းလားမြို့၌ တွေ့ဆုံနေ

FPNCC အဖွဲ့ဝင်များ စစ်ကောင်စီနှင့် မိုင်းလားမြို့၌ တွေ့ဆုံနေ

တိုင်းရင်းသားလက်နက်ကိုင် ခုနစ်ဖွဲ့ ပေါင်းစည်းထားသည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေး ညှိနှိုင်းမှု ကော်မတီ (FPNCC)  နှင့် စစ်ကောင်စီတို့  ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းလားအထူးဒေသ မိုင်းလားမြို့၌ ဒီဇင်ဘာလ ၁၅ ရက်တွင် တွေ့ဆုံဆွေးနွေးနေကြောင်း FPNCC နှင့် နီးစပ်သော သတင်းရင်းမြစ်က ပြောသည်။

" ခုနစ်ဖွဲ့မှာ တစ်ဖွဲ့ မပါဘူး။ ပြည်ထောင်စုနေ့ အခမ်းအနား ဖိတ်ဖို့လို့တော့ ကြားတယ်။ အသေးစိတ်တော့ မသိရသေးဘူး " ဟု အဆိုပါ သတင်းရင်းမြစ်က ပြောသည်။

မတက်ရောက်ဘဲ ကျန်ရစ်ခဲ့သည့် အဖွဲ့မှာ ကချင် လွတ်လပ်ရေး အဖွဲ့ (KIO/KIA) ဖြစ်ကြောင်း အခြား သတင်းရင်းမြစ် တစ်ဦးက ပြောသည်။

ယခုတွေ့ဆုံမှုနှင့် ပတ်သက်၍ FPNCC ဦးဆောင်အဖွဲ့ ဝပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSA)  ပြောရေးဆိုခွင့်ရှိသူ ဦးညီရမ်းကို ဆက်သွယ် မေးမြန်းခဲ့သော်လည်း  ဆက်သွယ်၍ မရခဲ့ပေ။

မိုင်းလားမြို့နေ ပြည်သူတစ်ဦးကလည်း ယမန်နေ့ ဒီဇင်ဘာလ ၁၄ ရက် ညကတည်းက စစ်ကောင်စီ တပ်ဖွဲ့ဝင်များ မိုင်းလားမြို့သို့ ရောက်ရှိနေကြောင်း နှင့် မြို့အတွင်း လုံခြုံ‌ရေးများ တိုးမြှင့် ချထားကြောင်း အတည်ပြု ပြောဆိုသည်။

FPNCC တွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) ၊ ပလောင် ပြည်နယ် လွတ်လပ်ရေး တပ်ဦး (PSLF/TNLA) ၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP/SSA)၊ ဝပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA) ၊ ရှမ်းပြည်အရှေ့ပိုင်း  ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ (PSC/NDAA)၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) နှင့် မြန်မာနိုင်ငံ လူမျိုးစုများဒီမိုကရေစီ မဟာမိတ်တပ်ပေါင်းစု (MNDAA)  တို့ ပါဝင်သည်။

April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...