စစ်ကောင်စီသတ်၍ ကန်ပက်လက်မြို့နယ်က ခရစ်ယာန် တရားဟောဆရာ သေဆုံး

စစ်ကောင်စီသတ်၍ ကန်ပက်လက်မြို့နယ်က ခရစ်ယာန် တရားဟောဆရာ သေဆုံး

အာဏာသိမ်း စစ်ကောင်စီတပ်က ပစ်သတ်သွားသည့် ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်  မြို့ဟောင်းကျေးရွာမှ ခရစ်ယာန် တရားဟော ဆရာတော် အွမ်ကီး၏ ရုပ်အလောင်းကို ဒီဇင်ဘာလ ၁၂ ရက်တွင် တွေ့ရှိခဲ့ကြောင်း  ဒေသခံများက ပြောသည်။

ဆရာတော်အွမ်ကီးကို  ဒီဇင်ဘာလ ၁၁ ရက်တွင်  စစ်တပ်က ဖမ်းဆီးပြီး နောက်တစ်ရက်တွင် အလောင်းကို လမ်းဘေးချုံအတွင်း စွန့်ပစ်ထားခဲ့ခြင်း ဖြစ်သည်။

"သူ့ကို ဒီဇင်ဘာ ၁၁ ရက်နေ့က ဖမ်းသွားတယ်။ နောက်တစ်ရက်ကျ ပန်းလေပြေ ဟိုတယ်နားမှာ ဦးခေါင်းပွင့်ပြီး ဦးနှောက်တွေပါ ထွက်နေတဲ့ သူရဲ့အလောင်းကို လမ်းဘေးက ချုံထဲမှာ လူငယ်တွေက ပြန်တွေ့တယ်။ အဲ့ဒီနေ့ပဲ သူ့ကို သင်္ဂြိုဟ်လိုက်ပါတယ်" ဟု ကန်ပက်လက် ဒေသခံ တစ်ဦးက ပြောသည်။

စစ်ကောင်စီက ပစ်သတ်ခဲ့သည့် ဆရာတော်သည်  အသက် ၃၀ ဝန်းကျင် ရှိပြီး ကန်ပက်လက်မြို့ရှိ Church of Chirst ဓမ္မ အမှုတော်ဆောင် ဆရာတော်တစ်ပါး ဖြစ်သည်။

လက်ရှိတွင် ချင်းပြည်နယ် ကန်ပက်လက် မြို့နယ်အတွင်း၌ စစ်ကောင်စီတပ်က အင်အားများစွာ  အသုံးပြုပြီး စစ်ဆင်ရေး လုပ်နေခြင်းကြောင့် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များနှင့် ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားနေသည်။

စစ်တပ် အာဏာသိမ်းပြီး နောက်ပိုင်း ချင်းပြည်နယ် ထန်တလန်မြို့  ၊ မတူပီမြို့နယ်နှင့် ယခု ကန်ပက်လက်မြို့နယ်တို့မှ ခရစ်ယာန် ဆရာတော် သုံးပါး အသတ်ခံခဲ့ရသည်။

Most read this week

July 27, 2026
မကွေးတိုင်း၊ ကျောက်ထုမြို့နယ်တွင် စစ်အုပ်စုတပ်က စစ်အင်အား ၂,၀၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေခြင်း...
July 27, 2026
အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံ...
July 22, 2026
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ ရဲစခန်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ရာတွင်...
July 21, 2026
ရှမ်းပြည် တောင်ပိုင်း၊ မိုးဗြဲမြို့နှင့် ကရင်နီပြည်၊ နန်းမယ်ခုံအကြားတွင် ဇွန်လ ဒုတိယပတ်က...