ရေဦးမြို့မရဲစခန်းနှင့် ရပ်ကွက်ရုံး လက်နက်ကြီးငယ်တို့ဖြင့် ပစ်ခတ်ခံရ

ရေဦးမြို့မရဲစခန်းနှင့် ရပ်ကွက်ရုံး လက်နက်ကြီးငယ်တို့ဖြင့် ပစ်ခတ်ခံရ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် မြို့မရဲစခန်းနှင့် အောင်ချမ်းသာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတို့အား ဒီဇင်ဘာလ ၁၃ ရက် နေ့လည် ၁၂ နာရီ ၅ မိနစ်တွင် လက်နက်ကြီးငယ်တို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း YE-U Urban Guerrilla အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ရဲစခန်းနှင့် ရပ်ကွက်ရုံးကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခြင်း၊ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း YE-U Urban Guerrilla အဖွဲ့က ထုတ်ပြန်ထားသည်။

"ကျွန်တော်တို့ ရဲစခန်းကို လက်နက်ကြီး (၄၀ မမ) နဲ့ ငါးချက်ပစ်တယ်။ ပြီးတော့ အုပ်ချုပ်ရေးမှူးရုံးကို ဗုံးတစ်လုံး အရင်ပစ်တယ်၊ ပြီးတော့ Shot Gun နှစ်လက်နဲ့ပစ်တယ်။ ထိခိုက်မှုကတော့ ရှိနိုင်တယ်" ဟု YE-U Urban Guerrilla အဖွဲ့ကပြောသည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ ရဲများ၏ ပြန်လည်ပစ်ခတ်မှုကြောင့် ၁၀ နှစ်အရွယ် ကလေးတစ်ဦး ကျည်ထိမှန် သေဆုံးကြောင်း ရေဦး‌ မြေပြင်ကင်းထောက်တစ်ဦးကို ကိုးကားကာ ခေတ်သစ်မီဒီယာက ဖော်ပြထားသော်လည်း မဇ္ဈိမ အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

"အသံ သုံးချက် ကြားလိုက်တယ်၊ ပထမတစ်ချက်ကတော့ တော်တော်ကျယ်တယ်၊ အုပ်ချုပ်ရေးမှူးရုံးမှာလည်း ပစ်သံကြားလိုက်တယ်၊ ရဲစခန်းကို မီးသတ်ရုံးနားကနေ ပစ်တာလို့ပြောတယ်၊ လူထိခိုက်တာတော့ မကြားသေးဘူး။ ခဏတော့ ရပ်သွားတယ်။ လူသွားလူလာတွေ လူထိခိုက်တာတော့ မကြားဘူး"ဟု ရေဦးမြို့ပေါ်နေ ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

ယင်းတိုက်ခိုက်မှုကို ရေဦး PDF ၊ ရေဦးမြို့ပြ ပြောက်ကျားအဖွဲ့(YUG)၊ ရေဦး ပ.က.ဖ၊ Myanmar Defence Force-Depayin နှင့် အထူးကွန်မန်ဒို အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ရေဦး ပ.က.ဖ အဖွဲ့ကလည်း "ပြောက်ကျားတိုက်စစ် စတင်ပါပြီ" ဟု ၎င်းတို့၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားပြီး "မြို့အဝင်အထွက် CCTV များ ဖြုတ်ထားပေးရန်" လည်း တောင်းဆိုထားသည်။

April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...