ထားဝယ် တက္ကသိုလ်ကျောင်းသား ကိုချစ်နိုင်ကို စစ်ကောင်စီက ထောင်ဒဏ် ၁၁ နှစ် အမိန့်ချ

ထားဝယ် တက္ကသိုလ်ကျောင်းသား ကိုချစ်နိုင်ကို စစ်ကောင်စီက ထောင်ဒဏ် ၁၁ နှစ် အမိန့်ချ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ ထားဝယ်တက္ကသိုလ်၊ ပထဝီဝင်ဌာနမှ ပထမနှစ် အဝေးသင်ကျောင်းသား ကိုချစ်နိုင်ကို ယနေ့ ဒီဇင်ဘာလ ၁၃ ရက်တွင် စစ်ကောင်စီ လက်အောက်ခံ တရားရုံးက ထောင်ဒဏ် ၁၁ နှစ် အပြီးသတ် အမိန့်ချမှတ်လိုက်ကြောင်း ထားဝယ်တက္ကသိုလ် ကျောင်းသားများသမဂ္ဂက ထုတ်ပြန်သည်။

ကိုချစ်နိုင်ကို အကြမ်းဖက်မှု ပုဒ်မ ၅၂(က)အတွက် ထောင်ဒဏ် ခုနှစ်နှစ်၊ နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅ (က) အတွက် ထောင်သုံးနှစ်နှင့် လက်နက်မှု ၁၉ (စ) အတွက် ထောင်တစ်နှစ် စုစုပေါင်း ထောင်ဒဏ် ၁၁ နှစ် ချမှတ်လိုက်ခြင်း ဖြစ်သည်။

ကိုချစ်နိုင်သည် ပြီးခဲ့သည့် ဇူလိုင်လ ၂၀ ရက်နေ့ နံနက်ပိုင်းက ထားဝယ်မြို့၊ မြို့သစ် (၇) လမ်းတွင် အရပ်ဝတ် ဝတ်ဆင်ထားသော အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးမှု ခံလိုက်ရခြင်း ဖြစ်သည်။

ထိုသို့ ဖမ်းဆီးပြီးနောက် ပုဒ်မ သုံးခုဖြင့် အမှုဖွင့်ကာ ငါးလနီးပါးအကြာတွင် ထားဝယ်ထောင်တွင်း တရားရုံးက ထောင်ဒဏ် ၁၁ ချမှတ်လိုက်ခြင်းလည်း ဖြစ်သည်။

ထားဝယ်မြို့တွင် ယခုရက်ပိုင်းအတွင်း တက္ကသိုလ်ကျောင်းသား လူငယ်အချို့ကို အာဏာသိမ်း စစ်ကောင်စီက ဆက်တိုက်ဖမ်းဆီးနေပြီး ဒီဇင်ဘာလ ၁၀ ရက်နေ့ကလည်း ထားဝယ်တက္ကသိုလ် ကျောင်းသားဟောင်း ကိုအောင်ကိုလွင် နှင့် ကိုကောင်းထက်စွမ်း အပါအဝင် ငါးဦးကို အာဏာသိမ်း စစ်ကောင်စီက ဖမ်းဆီးခဲ့ကြောင်း ထားဝယ်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂက ထုတ်ပြန်ထားသည်။

Most read this week

ဓါတ်ပုံ - (ပေးပို့ / Crd)
August 22, 2026
ရက်ဆက် မိုးရွာသွန်းမှုများကြောင့် တောင်ကျရေစီးဆင်းမှုများပြီး မွန်ပြည်နယ်နှင့်...
(ဓာတ်ပုံ – CJ)
August 21, 2026
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ တရုတ်နိုင်ငံသားပိုင် Myanmar Silver Spring...
အိုက်ဇောလ်မြို့တွင် ချင်းတော်လှန်ရေးအဖွဲ့များ တွေ့ဆုံပွဲမြင်ကွင်း။
August 21, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောလ်မြို့တွင် ချင်းတော်လှန်ရေးအဖွဲ့များအကြား...
ဘီးလင်းတံတား စစ်ဆေးရေးဂိတ်ရှိ အဆောက်အအုံတစ်ခု / YT
August 20, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်အတွင်း ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်၌ စစ်အုပ်စုတပ်က...