သရက်မြို့အထွက် စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို PDF ပူးပေါင်းအဖွဲ့ ဖောက်ခွဲတိုက်ခိုက်

သရက်မြို့အထွက် စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို PDF ပူးပေါင်းအဖွဲ့ ဖောက်ခွဲတိုက်ခိုက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် သရက်မြို့ တောင်ဘက်အထွက်ရှိ စစ်ကောင်စီ၏ မောင်းတံစစ်ဆေးရေး ဂိတ်ကို ဒီဇင်ဘာလ ၁၂ ရက် နံနက် ၄ နာရီ မိနစ် ၄၀ ခန့်တွင် အနီးကပ်ဗုံးခွဲ တိုက်ခိုက်ခဲ့ကြောင်း သရက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF- Thayet တာဝန်ရှိသူက မဇ္ဈိမကို အတည်ပြု ပြောသည်။

အဆိုပါ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို သရက်- ကံမ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းပြီး အနီးကပ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ယင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် အနည်းဆုံး လေးဦး ထိခိုက်ဒဏ်ရာ ရရှိသွားပြီး သေဆုံးမှုရှိ မရှိ အတည်မပြုနိုင်သေးကြောင်း သရက် PDF က ပြောသည်။

“ပေါက်ကွဲမှုအပြီး သူတို့ကားပေါ်မှာ ပက်လက်လန်နေတဲ့ သူတွေတင်သွားတာ မြင်လိုက်တယ်လို့ ပြောကြတယ်” ဟု သရက် PDF တပ်ဖွဲ့ဝင်က ပြောသည်။

ယခုဗုံးခွဲတိုက်ခိုက်ခံရသော သရက်မြို့အထွက် မောင်းတံစစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀ ခန့်ရှိပြီး ယင်းစစ်ဆေးရေးဂိတ်သည် ပြီးခဲ့သည့် ဧပြီလ ၂၃ ရက်နေ့ကလည်း တိုက်ခိုက်ခံခဲ့ရကာ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ဒဏ်ရာရရှိခဲ့သေးသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက် ၂ နာရီကလည်း သရက်ခရိုင်၊ ကံမမြို့နယ်ရှိ ဒန်းကိုင်း စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ကံမ- သရက် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သရက် PDF တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...