မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်အတွက် ရေပေးစက်များကို PRA အဖွဲ့ မီးရှို့ဖျက်ဆီး

မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်အတွက် ရေပေးစက်များကို PRA အဖွဲ့ မီးရှို့ဖျက်ဆီး

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကိုင်းတောမရွာရှိ စစ်ကောင်စီတပ် တပ်စွဲထားသည့် စက်မှု(၂)ဝင်း အတွင်းသို့ ရေပို့ဆောင်ပေးနေသော ရေစက်များအား ဒီဇင်ဘာလ ၁၁ ရက် နံနက် ၁၁ နာရီခန့်တွင် ဒေသခံပြောက်ကျားအဖွဲ့က မီးရှို့ဖျက်ဆီးခဲ့သည်။

ထိုသို့ ရေစက်များ ပျက်စီးမှုကြောင့် စက်ရုံဝင်းအတွင်း ရေပြတ်လပ်မှု ကြုံနေရသည်ကို စုံစမ်းသိရှိရကြောင်း ဒေသခံပြောက်ကျားအဖွဲ့ဖြစ်သည့် ပြည်သူ့တော်လှန်ရေးတပ်မတော် (PRA)အဖွဲ့ တာဝန်ရှိသူကပြောသည်။

"အဲ့ဒီတပ်ထဲမှာ စစ်သား အယောက် ၄၀ လောက်ရှိတယ်။ မိသားစုတွေပါ ပါရင် တော်တော်များတယ်။ ကျွန်တော်တို့က သူတို့နဲ့ ပတ်သက်တဲ့ထောက်တိုင်တွေကို ဖျက်ဆီးနေတာဖြစ်တဲ့အတွက် ဒီနေ့မှာ အဲ့ကို ဖျက်ဆီးလိုက်တာ။ အရင်တုန်းကဆိုရင် ၈၈၊ ၆၂ တုန်းကဆိုရင် ဒီလိုပဲ တော်လှန်ရေးသမားတွေပေါ်ခဲ့တယ်။ အဲ့အချိန်ထဲက စစ်ကောင်စီက ဖြတ်လေးဖြတ်ကို စတင်ခဲ့တယ်။ အခုက ကျွန်တော်တို့ အလှည့်ကို ပြန်ရောက်ပြီပေါ့။ ဒီပွဲက ကျွန်တော်တို့တွေ နိုင်ကိုနိုင်မှာ"ဟု PRA အဖွဲ့ တာဝန်ရှိသူကပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စက်မှု (၂) ဝင်းအတွင်း စစ်ကောင်စီက တပ်စွဲခဲ့ပြီး နိုဝင်ဘာလခန့်က စတင်ကာ အင်အား ထပ်မံ တိုးချဲ့ထားကြောင်းလည်း သိရသည်။

ဒီဇင်ဘာလ ၉ ရက်ကလည်း စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ခင်အေးရွာအရှေ့ထိပ်နှင့် မကွေးတိုင်း၊ မြိုင်မြို့နယ် မင်းတကျရွာ အထွက်တို့တွင် စစ်ကောင်စီတပ်နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၃ ဦးသေဆုံးခဲ့သေးသည်။

April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...