ကန်ပက်လက်မြို့နယ်တွင် စစ်ကောင်စီက လူနေအိမ်နဲ့ ဝဥသီးများ မီးရှို့ဖျက်ဆီး

ကန်ပက်လက်မြို့နယ်တွင် စစ်ကောင်စီက လူနေအိမ်နဲ့ ဝဥသီးများ မီးရှို့ဖျက်ဆီး

ကန်ပက်လက်မြို့နယ်တွင် ဒီဇင်ဘာလ ၉ ရက်နေ့က စစ်ကောင်စီတပ်နှင့် ကန်ပက်လက်ပြည်သူ့ကာကွယ်ရေးတပ် (CDF- KANPETLET) တို့ ကြားတိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီးနောက် ပါကွင်းကျေးရွာရှိ လူနေအိမ်များကို စစ်ကောင်စီတပ်က မီးရှို ့ခဲ့ကြသည်။

စစ်ကြောင်းထိုး‌လာသောစကစတပ်သည် ပါကွင်းကျေးရွာရှိ လူနေအိမ် (၇) လုံးကို မီးရှို့ခဲ့ကြပြီး ဆိုင်ကယ် (၂) စီးအပါအဝင် အသုံးအ‌ဆောင်ပစ္စည်းများ ခိုးယူခြင်း၊ ဖျက်ဆီးခြင်းများကျူးလွန်ခဲ့ကြသည်ဟု ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။

ကန်ပက်လက်မြို့နေ ပြည်သူလူထု၏ အဓိကစိုက်ပျိုးသီးနှံဖြစ်သော သိမ်းဆည်းပြီးသည့် ဝဥသီးများကိုလည်းစကစတပ်သားများက မီးရှို့ဖျက်ဆီးခဲ့ကြပြီး စုစုပေါင်းကာလတန်ဖိုး သိန်းတစ်ရာကျော်ခန့် ဆုံးရှုံးခဲ့ကြောင်း သိရသည်။

Most read this week

December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 15, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြည်သူဆေးရုံးကြီးကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုသည်...
December 10, 2025
စစ်အာဏာရှင်တော်လှန်ရေး ငါးနှစ်နီးပါး ရှိလာချိန်တွင် ချင်းလူမှုအသိုင်းအဝိုင်းကြား လူ့အခွင့်အရေး၊...