ကန်ပက်လက်မြို့နယ်တွင် စစ်ကောင်စီက လူနေအိမ်နဲ့ ဝဥသီးများ မီးရှို့ဖျက်ဆီး

ကန်ပက်လက်မြို့နယ်တွင် စစ်ကောင်စီက လူနေအိမ်နဲ့ ဝဥသီးများ မီးရှို့ဖျက်ဆီး

ကန်ပက်လက်မြို့နယ်တွင် ဒီဇင်ဘာလ ၉ ရက်နေ့က စစ်ကောင်စီတပ်နှင့် ကန်ပက်လက်ပြည်သူ့ကာကွယ်ရေးတပ် (CDF- KANPETLET) တို့ ကြားတိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီးနောက် ပါကွင်းကျေးရွာရှိ လူနေအိမ်များကို စစ်ကောင်စီတပ်က မီးရှို ့ခဲ့ကြသည်။

စစ်ကြောင်းထိုး‌လာသောစကစတပ်သည် ပါကွင်းကျေးရွာရှိ လူနေအိမ် (၇) လုံးကို မီးရှို့ခဲ့ကြပြီး ဆိုင်ကယ် (၂) စီးအပါအဝင် အသုံးအ‌ဆောင်ပစ္စည်းများ ခိုးယူခြင်း၊ ဖျက်ဆီးခြင်းများကျူးလွန်ခဲ့ကြသည်ဟု ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။

ကန်ပက်လက်မြို့နေ ပြည်သူလူထု၏ အဓိကစိုက်ပျိုးသီးနှံဖြစ်သော သိမ်းဆည်းပြီးသည့် ဝဥသီးများကိုလည်းစကစတပ်သားများက မီးရှို့ဖျက်ဆီးခဲ့ကြပြီး စုစုပေါင်းကာလတန်ဖိုး သိန်းတစ်ရာကျော်ခန့် ဆုံးရှုံးခဲ့ကြောင်း သိရသည်။

September 19, 2026
စစ်အုပ်စုတပ်၏ မတရားဖမ်းဆီးထောင်ချခြင်းခံခဲ့ရသူ ချင်းလူငယ် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးသည်...
ဓာတ်ပုံ - Crd
September 16, 2026
ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့ဝင် ချင်းအင်အားစုများဖြစ်သည့် ချင်းအမျိုးသားတပ်မတော် (CNA...
ဓာတ်ပုံ - (PDF – Zoland / ပုံဟောင်း)
September 14, 2026
ချင်းပြည်မြောက်ပိုင်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်များတွင် အခြေစိုက်လှုပ်ရှားနေသည့် PDF-Zoland...
ဓါတ်ပုံ - (ပုံဟောင်း / Crd)
September 3, 2026
ချင်းပြည်အတွင်းရှိ ချင်းတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော ဒေသများတွင် ပြည်သူ့ကျန်းမာရေး...