လောင်းလုံးမြို့နယ် တရားရုံး ဗုံးခွဲခံရပြီးနောက် စစ်ကောင်စီက ခြိမ်းခြောက်ပစ်ခတ်မှုများလုပ်

လောင်းလုံးမြို့နယ် တရားရုံး ဗုံးခွဲခံရပြီးနောက် စစ်ကောင်စီက ခြိမ်းခြောက်ပစ်ခတ်မှုများလုပ်

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် တရားရုံး ယမန်နေ့က ဗုံးခွဲ ခံခဲ့ရပြီးနောက် ယနေ့ ဒီဇင်ဘာလ ၉ ရက်  နံနက်ပိုင်းတွင် စစ်ကောင်စီက ခြိမ်းခြောက် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

တရားရုံးသည် ဒီဇင်ဘာ ၈ ရက် ည ၇ နာရီခန့်တွင် ဗုံးဖောက်ခွဲခံရခြင်း ဖြစ်ပြီး ယနေ့  နံနက်တွင် စစ်ကောင်စီက အင်အား ၃၀ ခန့် ပါ ကားနှစ်စီးဖြင့် မြို့ထဲ ကင်းလှည့် စစ်ဆေးခြင်း၊ အနီးတစ်ဝိုက် ကျေးရွာများအထိ လိုက်လံစစ်ဆေးခြင်းတို့အပြင် ရွာထဲနှင့် လယ်တောများ အတွင်း ပစ်ခတ်မှုများလည်း လုပ်ဆောင်ခဲ့သည်ဟု ဒေသခံများက ဆိုသည်။

"ညက ဗုံးပေါက်ကွဲတာ အားအတော် ပြင်းထန်တယ်။ အနီးက နေအိမ် အချို့ကိုပါ ဗုံးစ ထိမှန် ခဲ့တယ်"ဟု ယမန်နေ့ညက ဖြစ်စဉ်ကို လောင်းလုံးမြို့ခံ တစ်ဦးက ပြောသည်။

အဆိုပါ တရားရုံးကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲသတိပေးခြင်း ဖြစ်ကြောင်း ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်က ထုတ်ပြန်ထားသည်။

July 31, 2026
စစ်အုပ်စုတပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့...
July 30, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်အုပ်စုက ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့မှစ၍ ဇူလိုင်လ ၂၉ ရက်နေ့...
July 30, 2026
မလေးရှားအစိုးရက ဒုက္ခသည်များအပေါ် ထားရှိသည့် မူဝါဒများကို တင်းကျပ်လာနေသည့် အခြေအနေများ ကြောင့်...
July 27, 2026
မကွေးတိုင်း၊ ကျောက်ထုမြို့နယ်တွင် စစ်အုပ်စုတပ်က စစ်အင်အား ၂,၀၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေခြင်း...