သံဖြူဇရပ်မြို့ပေါ် ညမထွက်ရအချိန် ဆိုင်ကယ်စီးလာသူတစ်ဦး သေနတ်ပစ်ခံရပြီးသေဆုံး

သံဖြူဇရပ်မြို့ပေါ် ညမထွက်ရအချိန် ဆိုင်ကယ်စီးလာသူတစ်ဦး သေနတ်ပစ်ခံရပြီးသေဆုံး

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ ကြံခိုင်ရေးရပ်ကွက် ထိပ်တန်းအရက်ချက်စက်ရုံရှေ့တွင် ညမထွက်အချိန် ဆိုင်ကယ်စီးလာသူတစ်ဦး သေနတ်ပစ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာလ ၈ ရက်နေ့ ည ၉ နာရီကျော်ခန့်က သံဖြူဇရပ်မြိုခံ အသက် ၅၀ နှစ်ရှိ ဦးသားငယ် နောက်ကျောဘက်ကို လုံခြုံရေးတပ်ဖွဲ့က ပစ်ခတ်သွားခြင်းဖြစ်ကြောင်း သေဆုံးသူမိသားစုနှင့်နီးစပ်သူတစ်ဦးက ဆိုသည်။

"ကာဖျူးအချိန်မှာ စစ်တပ်က အိမ်စီးကားနဲ့အမြဲကင်းလှည့်နေတာ။ ဦးသားငယ်ဆုံးသွားတဲ့ ဇရပ်နားမှာ သွေးကွက်ကြီးတွေတောင် ရှိသေးတယ်။"ဟု ၄င်းကဆိုသည်။

လတ်တလောနိုင်ငံရေးအခြေအနေကြောင့် ည ၈ နာရီမှ နံနက် ၄ နာရီအထိ ကာဖျူးညမထွက်ရအမိန့်ပုဒ်မ ၁၄၄ ကို သံဖြူဇရပ်မြို့နယ်အပါအဝင် မော်လမြိုင်၊ ရေး၊ ချောင်းဆုံ၊ ပေါင်နှင့် ဘီးလင်းမြို့တို့တွင် သက်ဆိုင်ရာက ထုတ်ပြန်ထားဆဲဖြစ်ကြောင်း သိရသည်။

သို့ရာတွင် သံဖြူဇရပ် ရဲတပ်ဖွဲ့ နယ်ထိန်း ဦးခိုင်လင်းက” ဖြစ်စဥ်မှန်ပါတယ်။ ဘယ်သူဘယ်ဝါပစ်သွားတာလဲ ကျွန်တော်တို့မသိပါဘူး။ လူတွေပြောနေတဲ့လှည့်ကင်းကားဆိုတာမဖြစ်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လှည့်ကင်းက ကျွန်တော်တို့လှည့်တာပါ”ဟု ဆိုသည်။

ဒီဇင်ဘာလ ၆ရက်နေ့ညတွင်လည်းသထုံမြို့နယ် ဝါးဂုတ်ကျေးရွာတွင် အသက် ၆၀ အရွယ်ခန့်ရှိ ဦးမောင်ထွေး သူ၏တူဖြစ်သူနှင့်ဆိုင်ကယ်စီးလာစဥ် သေနတ်ဖြင့်အပစ်ခံရပြီး သေဆုံးခဲ့သည်။

August 13, 2026
မွန်ပြည်၊ မုဒုံမြို့၊ မြို့မ (၂) ရပ်ကွက်၊ အဲမွန်ဒယား (၃) လမ်းတွင် အိမ်ငှားနေထိုင်သည့်...
August 10, 2026
မွန်ပြည်၊ ရေးမြို့နယ်အခြေစိုက် တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သည့် ရေးဘီလူးအဖွဲ့၏ ဖေ့ဘွတ်လူမှုကွန်ရက်...
August 7, 2026
မွန်နှင့် ကရင်ပြည် ထိစပ်နေသည့် ကျေးရွာအချို့တွင် ဒေသတွင်းလက်နက်ကိုင်အဖွဲ့များ၏ မူးယစ်ဆေးဝါး...
August 7, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ရေဖြူ - ကလိန်အောင် ကားလမ်းပိုင်းရှိ ကျောက်ကဒင်ကျေးရွာ...