KNU တပ်မဟာ( ၅ )နယ်မြေတွင် ၁ ရက်အတွင်း တိုက်ပွဲ ၄ ကြိမ်ဖြစ်ပြီး စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးဟု KNU ထုတ်ပြန်

KNU တပ်မဟာ( ၅ )နယ်မြေတွင် ၁ ရက်အတွင်း တိုက်ပွဲ ၄ ကြိမ်ဖြစ်ပြီး စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးဟု KNU ထုတ်ပြန်

ကရင်အမျိုးသား အစည်းအရုံး( KNU ) တပ်မဟာ (၅) ထိန်းချုပ်နယ်မြေတွင် တစ်ရက်အတွင်း တိုက်ပွဲလေးကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ငါးဦးသေဆုံးခဲ့သည်ဟု KNU မူတြော်သတင်းစဉ်က ဒီဇင်ဘာလ ၈ ရက်တွင် ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ခမရ (၄၀၇) စစ်ကြောင်းနှင့် KNU တပ်ဖွဲ့ဝင်များအကြား ဒီဇင်ဘာလ ၆ ရက် တစ်ရက်အတွင်း တိုက်ပွဲ လေးကြိမ်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးသေဆုံးကာ ခုနစ်ဦး ထက်မနည်း ထိခိုက်ဒဏ်ရာများ ရရှိသွားခဲ့သည်ဟု သိရသည်။

ခမရ (၄၀၇) စစ်ကြောင်းသည် ဒီဇင်ဘာလ ၆ ရက် မွန်းလွဲပိုင်းတွင် အထောကျေးရွာမှ စတင်ထွက်ခွာလာရာ မြေနီကုန်းကျေးရွာနှင့် ထီးဂေလိုကျေးရွာကြားတွင် KNU ၏ KNLA  တပ်ဖွဲ့ဝင်များက ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိသွားခဲ့သည်။

အဆိုပါစစ်ကောင်စီ၏ စစ်ကြောင်းအား ယင်းနေ့ မွန်းလွဲပိုင်း ၂ နာရီ မိနစ် ၃၀ ခန့်တွင် KNLA နှင့် PDF တပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး ပြောက်ကျားနည်းဖြင့် ထပ်မံဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရရှိခဲ့ကြောင်း KNU ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ထိုတိုက်ပွဲတွင် KNLA တပ်ဖွဲ့ဝင် သုံးဦးလည်း ကျဆုံးသွားကြောင်း အတည်ပြု ထုတ်ပြန်ထားသည်။

ယင်းအပြင် KNU တပ်မဟာ (၅) နယ်မြေဖြစ်သည့်  ဖလပ်ခိုဒေသအတွင်းရှိ ဖလပ်ခို- ကူဒေး ဒေသတွင် တစ်ကြိမ်နှင့် ဝါကလေတူဒေသတွင်တစ်ကြိမ် ထိုနေ့က ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုတိုက်ပွဲနှစ်ကြိမ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်က ထိခိုက်ကျဆုံးမှုကို မသိရသေးဘဲ တိုက်ပွဲအပြီး နေရာရှင်းလင်းစဉ် အလောင်းတစ်လောင်း ကျန်ခဲ့သည်ဟု KNU ဘက်က ဆိုထားသည်။

KNU တပ်မဟာ (၅) နယ်မြေဖြစ်သည့်  မူတြော်ခရိုင် (ဖာပွန်) ဒေသတွင် ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း တိုက်ပွဲပေါင်း ၁၅၁ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၃ ဦး သေဆုံးကာ ၈၈ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း KNU ၏ တိုက်ပွဲလချုပ်မှတ်တမ်းတွင် ဖော်ပြထားသည်။

ထိုသေဆုံးသွားသူများတွင် စစ်ကောင်စီ တပ်ရင်းမှူး တစ်ဦးနှင့် တပ်ခွဲမှူးတစ်ဦး ပါရှိပြီး ဒဏ်ရာ ရရှိသူတွင်လည်း တပ်ရင်းမှူးတစ်ဦးနှင့် တပ်ခွဲမှူးတစ်ဦး ပါဝင်သည်ဟု သိရသည်။

Most read this week

ဓါတ်ပုံ - (ပေးပို့ / Crd)
August 22, 2026
ရက်ဆက် မိုးရွာသွန်းမှုများကြောင့် တောင်ကျရေစီးဆင်းမှုများပြီး မွန်ပြည်နယ်နှင့်...
(ဓာတ်ပုံ – CJ)
August 21, 2026
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ တရုတ်နိုင်ငံသားပိုင် Myanmar Silver Spring...
အိုက်ဇောလ်မြို့တွင် ချင်းတော်လှန်ရေးအဖွဲ့များ တွေ့ဆုံပွဲမြင်ကွင်း။
August 21, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောလ်မြို့တွင် ချင်းတော်လှန်ရေးအဖွဲ့များအကြား...
ဘီးလင်းတံတား စစ်ဆေးရေးဂိတ်ရှိ အဆောက်အအုံတစ်ခု / YT
August 20, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်အတွင်း ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်၌ စစ်အုပ်စုတပ်က...