ကံမတွင် စစ်ကောင်စီက ပေါ်တာထမ်းရန်ဟုဆိုကာ လူတောင်းနေ၍ လူငယ်များ ရှောင်တိမ်းနေရဟုဆို

ကံမတွင် စစ်ကောင်စီက ပေါ်တာထမ်းရန်ဟုဆိုကာ လူတောင်းနေ၍ လူငယ်များ ရှောင်တိမ်းနေရဟုဆို

စစ်ကောင်စီက စစ်မြေပြင် ထောက်ပံရေး လုပ်ငန်းများ လုပ်ဆောင်ရန်အတွက်(ပေါ်တာထမ်းရန်)ဟုဆိုကာ မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ်ရှိ ကျေးရွာအုပ်စုနှင့် ရပ်ကွက်နေပြည်သူများထံက လူတောင်းနေသည့်အတွက် ဒေသခံ လူငယ်များ ရှောင်တိမ်းနေရသည်ဟု ဒေသခံထံမှ သိရသည်။

“ပြီးခဲ့တဲ့ လဝက်လောက်ကနေစပြီး စစ်ခွေးတွေက အုပ်ချုပ်ရေးမှူးကတစ်ဆင့် လူတောင်းနေတာ ကျေးရွာအုပ်စု တစ်စုမှာ အယောက် ၂၀ ၊ ရပ်ကွက်ဆို ၅ ယောက် အဲ့လိုတောင်းတယ်။ သူတို့ပြောတာက စစ်မြေပြင်ထောက်ပံရေးဆိုပြီး စကားအလှပြောတာ တကယ်က ပေါ်တာဆွဲတာပဲ။ အခုထိတော့ လူမခေါ်သေးဘူး။ ရွာက လူငယ်တွေ အခုရှောင်နေကျတယ်။ မိဘတွေက အရမ်းစိုးရိမ်နေကြတယ်ဗျ ။ ဘယ်အချိန်လာဆွဲမှန်း မသိဆိုပြီးတော့လေ”ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီက စစ်‌မြေပြင်တွင်အသုံးပြုရန် လူတောင်းနေခြင်း ရှိနေသည့်အတွက် ကံမမြို့နယ်ရှိ ပြည်သူများ အနေဖြင့် လုံခြုံရေးဂရုစိုက်ရန် ဒီဇင်ဘာလ ၅ ရက် ရက်စွဲဖြင့် ကံမပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသေးသည်။

စစ်ကောင်စီမှ ကံမမြို့နယ်တွင် ပေါ်တာထမ်းရန် လူတောင်းနေခြင်းကြောင့် ပြည်သူများ လုံခြုံရေးဂရုစိုက်ရန်နှင့် စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများ ဒီဇင်ဘာလ ၁၅ ရက် နောက်ဆုံးထားပြီး နုတ်ထွက်ရန် သတိပေးထားပြီး လိုက်နာမှုမရှိပါက ၎င်းတို့၏ အသက်အိုးအိမ်၊ စည်းစိမ်များအား မိမိတို့ ကံမပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ယူမည် မဟုတ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most read this week

ဓါတ်ပုံ - (ပေးပို့ / Crd)
August 22, 2026
ရက်ဆက် မိုးရွာသွန်းမှုများကြောင့် တောင်ကျရေစီးဆင်းမှုများပြီး မွန်ပြည်နယ်နှင့်...
(ဓာတ်ပုံ – CJ)
August 21, 2026
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ တရုတ်နိုင်ငံသားပိုင် Myanmar Silver Spring...
အိုက်ဇောလ်မြို့တွင် ချင်းတော်လှန်ရေးအဖွဲ့များ တွေ့ဆုံပွဲမြင်ကွင်း။
August 21, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောလ်မြို့တွင် ချင်းတော်လှန်ရေးအဖွဲ့များအကြား...
ဘီးလင်းတံတား စစ်ဆေးရေးဂိတ်ရှိ အဆောက်အအုံတစ်ခု / YT
August 20, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်အတွင်း ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်၌ စစ်အုပ်စုတပ်က...