မန္တလေးရှိ ဒုရဲချုပ် အောင်နိုင်သူ နေအိမ် ဗုံးပစ်ခံရ

မန္တလေးရှိ ဒုရဲချုပ် အောင်နိုင်သူ နေအိမ် ဗုံးပစ်ခံရ

မန္တလေးမြို့၊ အောင်မြေသာစံ မြို့နယ်ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့  ဒုရဲချုပ် အောင်နိုင်သူ၏ နေအိမ်ကို ဒီဇင်ဘာလ ၆ ရက် ညနေပိုင်းတွင် ဗုံးပစ် တိုက်ခိုက်ခဲ့ကြောင်း မန္တလေးအခြေစိုက် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (Mandalay PDF) က သတင်း ထုတ်ပြန်သည်။

ထုတ်ပြန်ချက်တွင် အောင်မြေသာစံ မြိုနယ် ၁၄ လမ်းနှင့် ၈၇ လမ်းဝန်းကျင်ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဒုရဲချုပ် အောင်နိုင်သူ၏ နေအိမ်ကို ဗုံးဖြင့် ပစ်ခဲ့ပြီး နေအိမ်ခြံဝင်း အတွင်းရှိ မော်တော်ယာဉ် တချို့ ထိခိုက်ပျက်စီးကာ လူထိခိုက်မှု ရှိ၊ မရှိ မသိရကြောင်း ဖော်ပြထားသည်။

"အောင်မြေသာစံ နှင်းဆီခြံဘက်က အိမ်ကို ဗုံးပစ်ခံရတာပါ။ ဟုတ်ပါတယ်။ လူထိခိုက် တာတွေတော့ မရှိပါဘူး" ဟု ဒုရဲချုပ်နှင့် နီးစပ်သည့် အသိုင်းအဝန်းမှ အမည်မဖော်လိုသူ တစ်ဦးကလည်း အတည်ပြုသည်။

ယခု တိုက်ခိုက်မှုသည် ရန်ကုန် ကြည့်မြင်တိုင် ဆန္ဒပြပွဲတွင် လူငယ်များ ကားဖြင့်တိုက်သတ်ခံရမှု အတွက် လက်တုံ့ပြန် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း မန္တလေးအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုထားသည်။

April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...