ထိုင်းတွင် တရားမဝင်အလုပ်သမားများကို မှတ်တင်ခွင့်ပြုထားသောကြောင့် ခိုးဝင်မှုပိုဖြစ်နေဟုပြော

ထိုင်းတွင် တရားမဝင်အလုပ်သမားများကို မှတ်တင်ခွင့်ပြုထားသောကြောင့် ခိုးဝင်မှုပိုဖြစ်နေဟုပြော

ထိုင်းနိုင်ငံအတွင်း တရားမဝင်နေထိုင်ကာ အလုပ်လုပ်ကိုင်နေသည့် တရားမဝင်အလုပ်သမားများကို ထိုင်းအာဏာပိုင်များက လူသစ်မှတ်ပုံတင်ခွင့် ပြုထားသည့်အတွက် နယ်စပ်မှ ခိုးဝင်မှု ပိုမိုများပြားလာကြောင်း  နီးစပ်သူထံမှ သိရသည်။

ပွဲစားများ၏ မက်လုံးပေးမှုကြောင့် နယ်စပ်ဖြတ်ကျော်ခိုးဝင်မှု ပိုမိုဖြစ်လာသလို လူမှောင်ခိုလုပ်ကိုင်သည့် လုပ်ငန်း ဖြစ်ပေါ်နေကြောင်း ပညာရေးနှင့်ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ အလုပ်သမားရေးရာ တာဝန်ခံ ဦးမင်းဦးက ပြောသည်။

“လက်ရှိကာလက လက်ရှိကာလဆိုတာ လွန်ခဲ့တဲ့ နိုဝင်ဘာလကုန်အထိ ထိုင်းနိုင်ငံမှာ တရားမဝင်နေထိုင်ပြီး အလုပ်လုပ်ကိုင်နေတဲ့ တရားမဝင်အလုပ်သမားတွေကို သူတို့က လူသစ်မှတ်ပုံတင်ခွင့်ပြုထားတာကိုး။ ဆိုတော့ အဲဒီကာလတွေ ဖြစ်နေတော့ လူတွေက ပြောရမယ်ဆိုလို့ရှိရင် ပွဲစားတွေလည်း အတင်းမက်လုံးတွေ ပေးပြီးခေါ်နေတာကိုး ဒါကြောင့်မို့ အလုပ်သမားတွေ အများကြီး တရားမဝင်တဲ့ နည်းနဲ့ ခိုးဝင်ကြတာ။ ခိုးဝင်ဖို့ လုပ်ငန်းတွေ ပိုဖြစ်တာပေါ့။ အလုပ်ဖြစ်တာပေါ့ လူမှောင်ခိုစီးပွားလုပ်ငန်းကြီး တစ်ခုလိုဖြစ်သွားတာ” ဟု ဦးမင်းဦးက ပြောသည်။

လာမည့် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ရက်တွင် ထိုင်းနိုင်ငံမှ နှစ်ဖက်နားလည်မှုစာချွန်လွှာ(MOU) ဖြင့် တရားဝင်လမ်းကြောင်းမှ အလုပ်သမားခေါ်ယူမှု စတင်မည်ဖြစ်ပြီး မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံများမှ အလုပ်သမားများကို တရားဝင်ခေါ်ယူမည်ဖြစ်ကာ အလုပ်သမားလိုအပ်ချက် သိန်းချီ ရှိနေကြောင်း သိရသည်။

ယင်း MOU ဖြင့် သွားမည်ဆိုပါက အေဂျင်စီများနှင့် တဆင့် လုပ်ဆောင်ရမှာဖြစ်ပြီး အလုပ်ရှုတ်မခံလိုသည့်အတွက် ပွဲစားများမှ တဆင့် လူတစ်ဦးကို စျေးသတ်မှတ်ချက်ဖြစ် ခေါ်ယူနေသည်ဟု ဦးမင်းဦးက ပြောသည်။

ထိုင်းနိုင်ငံအနေဖြင့် အလုပ်သမား ၄ သိန်း ခေါ်ယူရန် လျာထားပြီး ကနဦး ၈ သောင်းခန့် စတင်ခေါ်ယူမည်ဟု သိရသည်။

မြန်မာနိုင်ငံမှ အလုပ်သမား ၂ သိန်းကျော်ကို ခေါ်ယူမည်ဖြစ်ကာ လက်ရှိ ထိုင်းနိုင်ငံတွင် မြန်မာရွေ့ပြောင်းအလုပ်သမားဦးရေ ၃ သန်းကျော်ရှိကြောင်း သိရသည်။

March 2, 2026
မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောၚ်အသီးသီးက အကျဉ်းသား အကျဉ်းသူ ၁၆၀ ကျော် ပြန်လွတ်လာပြီး...
ပုံ- IMNA
February 28, 2026
တော်လှန်ရေးကာလတစ်လျှောက်တွင် အမျိုးသမီးများ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးရာကဏ္ဍများ၌...
ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...
February 25, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်အထွက်ရှိ ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်၌...