ကျီစုကျေးရွာက ဒလန်ဆိုသူ လင်မယားကို ပစ်သတ်ခဲ့ကြောင်း ကြို့ပင်ကောက် PDF ထုတ်ပြန်

ကျီစုကျေးရွာက ဒလန်ဆိုသူ လင်မယားကို ပစ်သတ်ခဲ့ကြောင်း ကြို့ပင်ကောက် PDF ထုတ်ပြန်

ပဲခူးတိုင်း ကြို့ပင်ကောက်မြို့နယ် ကျီစုကျေးရွာက ဒလန်ဆိုသူ လင်မယားကို ပစ်သတ်ခဲ့ကြောင်း ကြို့ပင်ကောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF က ဒီဇင်ဘာလ ၅ ရက်တွင် သတင်းထုတ်ပြန်သည်။

ယမန်နေ့ည ၇ နာရီခွဲတွင် ကြို့ပင်ကောက်မြို့နှင့် တစ်မိုင်ခွဲအကွာ ကျီစုကျေးရွာရှိ စစ်ကောင်စီ သတင်းပေး စိုးဝင်း(ခ)ဘိုစိုးကိုနှင့် ဇနီးဖြစ်သူ မဌေးမြင့် တို့ကို ၎င်းတို့၏ အရက်ဆိုင်အတွင်း သေနတ်ဖြင့် ရှစ်ချက်ခန့် ဝင်ရောက်ပစ်ခတ်ခဲ့ရာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း ကြို့ပင်ကောက် PDF ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

"ရပ်ကျေး ဥက္ကဌဟောင်းကို သူတို့ကိုယ်တိုင် ဖမ်းဆီးပေးဖူးပါတယ်။ စစ်ကောင်စီကို ခေါ်လာပြီး အရက်တိုက် ကျွေးမွေးတာ ရပ်ကျေးမှာ သေနတ်ပစ် ခြောက်လှန့်တာတွေ ရှိပါတယ်။ ပထမ တစ်ခါလည်း သတိပေးတဲ့နေနဲ့ ဗုံးပစ်ခဲ့ပါတယ်။ ရွာထဲ ဆဲဆိုကြိမ်းမောင်းတာတွေက အစ အရမ်းဆိုးဝါးနေလို့ ရှင်းလင်းခဲ့တာပါ" ဟု ကြို့ပင်ကောက်မြို့နယ် PDF တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

ကြို့ပင်ကောက်မြို့နယ် PDF အနေဖြင့် မတရား အာဏာသိမ်းထားသော စစ်ကောင်စီ၏ အကြမ်းဖက် တပ်ဖွဲ့ဝင်များ၊ ရပ်ကျေး အုပ်ချုပ်ရေးမှူးများနှင့် စစ်ကောင်စီ၏ ထောက်တိုင်များအား အဓိက ပစ်မှတ်ထား တိုက်ခိုက်နေခြင်း ဖြစ်သည်ဟု ၎င်းကဆိုသည်။

ထို့အပြင် ပြည်သူ့ခုခံစစ်ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေသည့် ကာလဖြစ်သည့်အတွက် ပြည်သူများ အနေဖြင့် မလိုအပ်ဘဲ အပြင်ထွက်ခြင်း၊ လူစုလူဝေး ပြုလုပ်ခြင်းများ၊ ဗုံးပေါက်ကွဲသည့် နေရာများသို့ သွားရောက်စပ်စု ကြည့်ရှူခြင်းများ၊ စစ်ကောင်စီ လက်ပါးစေတပ်များနှင့် နီးကပ်စွာ နေထိုင်ခြင်းများအား အထူးဂရုပြု ရှောင်ကြဉ်ကြပါရန် ကြို့ပင်ကောက်မြို့နယ် PDF က မေတ္တာရပ်ခံ ထားသည်။

Most read this week

ဓါတ်ပုံ - (ပေးပို့ / Crd)
August 22, 2026
ရက်ဆက် မိုးရွာသွန်းမှုများကြောင့် တောင်ကျရေစီးဆင်းမှုများပြီး မွန်ပြည်နယ်နှင့်...
(ဓာတ်ပုံ – CJ)
August 21, 2026
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ တရုတ်နိုင်ငံသားပိုင် Myanmar Silver Spring...
အိုက်ဇောလ်မြို့တွင် ချင်းတော်လှန်ရေးအဖွဲ့များ တွေ့ဆုံပွဲမြင်ကွင်း။
August 21, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောလ်မြို့တွင် ချင်းတော်လှန်ရေးအဖွဲ့များအကြား...
ဘီးလင်းတံတား စစ်ဆေးရေးဂိတ်ရှိ အဆောက်အအုံတစ်ခု / YT
August 20, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်အတွင်း ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်၌ စစ်အုပ်စုတပ်က...