ရေချိုပုစွန်သားဖောက်လုပ်ငန်း ရခိုင်တွင် စမ်းသပ်မွေးမြူမှု ရာနှုန်းပြည့်အောင်မြင်၍ တိုးချဲ့မွေးမြူမည်

ရေချိုပုစွန်သားဖောက်လုပ်ငန်း ရခိုင်တွင် စမ်းသပ်မွေးမြူမှု ရာနှုန်းပြည့်အောင်မြင်၍ တိုးချဲ့မွေးမြူမည်

ရခိုင်ပြည်နယ်တွင် ရေချိုပုဇွန်သားဖောက်များကို ပထမအကြိမ် စမ်းသပ်မွေးမြူရာတွင် ရာနှုန်းပြည့်အောင်မြင်မှုရှိသဖြင့် လာမည့်နှစ်တွင် ဒုတိယအကြိမ်ဆက်လက်မွေးမြူရန် ပြန်ဆင်နေကြောင်း ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။

ကျောက်ဖြူမြို့နယ်တွင်ရှိသည့် ရေချိုပုစွန်သားဖောက်စခန်းတွင် စမ်းသပ်မွေးမြူခဲ့ရာ၌ ပုစွန်သားပေါက်အရေအတွက် ၁ ဒဿမ ၂ သန်းကို အောင်မြင်စွာသားဖောက်နိုင်ခဲ့ကြောင်း ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသက်ဦးကပြောသည်။

“ကျနော်တို့က ဥပေါင်းသိန်းပေါင်းများစွာကနေတစ်ဆင့် သားဖောက်တဲ့အဆင့်ဆောင်ရွက်တာ အခုတော့ သားပေါက်ပြီး ရာနှုန်းပြည့်အောင်မြင်တယ်ပေါ့နော်။ ပထမအကြိမ်ကို ကျောက်ဖြူမှာလုပ်တဲ့မွေးမြူရေးလုပ်ငန်းက အောင်မြင်ခဲ့တဲ့အတွက် ဒုတိယအသုတ်ကိုတော့ ပုဏ္ဏားကျွန်းဘက်မှာ ထပ်ပြီးတော့ ပုစွန်သားဖောက်လုပ်ငန်းဆက်လုပ်မှာပါ”ဟု ဦးသက်ဦးက DMG သို့ ပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ်တွင်ပြုလုပ်မည့် ရေချိုပုဇွန်သားဖောက်စခန်းအတွက် ပြည်နယ်ဘတ်ဂျက်မှ ဘဏ္ဍငွေကျပ်သိန်းငါးထောင်အထက် အကုန်ကျခံပြုလုပ်သွားမည်ဖြစ်ကြောင်း ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

ရေချိုပုဇွန်သားဖောက်လုပ်ငန်း အောင်မြင်မှုရရှိလာသဖြင့် အဆိုပါပုဇွန်များကို ရခိုင်ပြည်နယ်အပြင် ပြည်မဘက်ဆီ တင်ပို့သွားမည်ဖြစ်ကြောင်းလည်း ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှသိရသည်။

အဆိုပါရေချိုပုစွန်များကို ရောင်းတန်းဝင်အရွယ်ရောက်ရှိရန် ဥမှပေါက်ပြီးနောက် ၂ လခန့် မွေးမြူရသည်။

“အခုအချိန်မှာတော့ ဒီပုစွန်တွေကိုမရောင်းသေးဘူး။ ကိုယ့်ပြည်မှာမျိုးမတုန်းရအောင် အဓိကထားပြီးတော့မွေးထားတယ်။ လောလောဆယ်တော့ ရောင်းဖို့မရည်ရွယ်သေးဘူး။ ကိုယ့်ပြည်အတွင်းမှာ မျိုးရှားသွားမှာစိုးရိမ်လို့ပါ"ဟု ဦးသက်ဦးကဆိုသည်။

ဆက်လက်ပြီး ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသက်ဦးက “သားဖောက်လုပ်ငန်းတွေကို သဘာဝနည်းလမ်းအတိုင်းလုပ်တာမဟုတ်ဘဲ ကျနော်တို့ရဲ့နည်းပညာနဲ့ လုပ်ဆောင်ခဲ့တာပါ”ဟု ပြောသည်။

ရခိုင်ပြည်နယ်အတွင်းတွင် ရေငံပုစွန်သားဖောက်လုပ်ငန်းများကို ကျောက်ဖြူမြို့နယ် စေတီယျစခန်း၊ ပေါက်တောမြို့နယ် စိုးမဲကျီစခန်း၊ စစ်တွေမြို့နယ် ရေချမ်းပြင်စခန်းတို့တွင် လုပ်ကိုင်လျက်ရှိသည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...