ရခိုင်တွင် အသက် ၁၈ နှစ်နှင့်အထက် ကိုဗစ်ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီးသူ ၅ သိန်းခွဲခန့်ရှိပြီ

ရခိုင်တွင် အသက် ၁၈ နှစ်နှင့်အထက် ကိုဗစ်ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီးသူ ၅ သိန်းခွဲခန့်ရှိပြီ

ရခိုင်ပြည်နယ်တွင် ယမန့် နိုဝင်ဘာ ၂၉ ရက်အထိ အသက် ၁၈ နှစ်နှင့် အထက် ကိုဗစ် ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးသူ ၅ သိန်းခွဲခန့်အထိ ရှိသွားပြီဖြစ်ကြောင်း သိရသည်။

ကိုဗစ်ကာကွယ်ဆေးပထမအကြိမ်ထိုးနှံသူ ၇၈၉,၂၇၈ ဦးရှိသော်လည်း ဒုတိယအကြိမ်ထိုးနှံပြီးသူ ၅၄၈,၉၀၇ ဦးခန့်ရှိကြောင်း ရခိုင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးဒေါက်တာကြည်လွင်က နိရဥ္စရာအား ပြောသည်။

“အသက် ၁၈ နှစ်နဲ့အထက်တွေလည်း ဒီလိုပဲထိုးပေးနေတာပဲ။ ဆေးနှစ်ကြိမ်လုံးကိုတော့ ၅ သိန်းကျော်ထိုးပြီးပါပြီ” ဟု ပြောသည်။

သို့ရာတွင် အသက်(၁၂) အထက် ကျောင်းသား ၂ သိန်းကျော်ကိုလည်း လွန်ခဲ့သည့် အောက်တိုဘာလ ၁၂ ရက်မှ စတင်ထိုးပေးနေသည်ဟုလည်း သိရသည်။

မြန်မာတစ်နိုင်နိုင်ငံလုံးတွင် နိုဝင်ဘာ ၂၇ ရက်အထိ လူဦးရေစုစုပေါင်း ၁၆,၄၈၅,၃၁၅ ဦးအား ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးဖြစ်ပြီး ယင်းအနက် ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးစီးသူမှာ ၁၁,၆၁၅,ဝ၉၆ ဦးရှိသွားပြီးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏စာရင်းအရ သိရသည်။

ရခိုင်ပြည်နယ်တွင် ကိုဗစ်တတိယလှိုင်းအတွင်း ယမန်နေ့ နိုဝင်ဘာ ၂၉ ရက်နေ့အထိ အတည်ပြုလူနာ ၅,၁၆၁ ဦးရှိခဲ့ပြီးသေဆုံးသူ ၄၉၈ ဦးနှင့် ရောဂါသက်သာ၍ ဆေးရုံဆင်းခွင့်ရရှိသူ ၄,၆၄၈ ဦးရှိခဲ့သည်။

May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...