ရခိုင်တွင် အသက် ၁၈ နှစ်နှင့်အထက် ကိုဗစ်ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီးသူ ၅ သိန်းခွဲခန့်ရှိပြီ

ရခိုင်တွင် အသက် ၁၈ နှစ်နှင့်အထက် ကိုဗစ်ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီးသူ ၅ သိန်းခွဲခန့်ရှိပြီ

ရခိုင်ပြည်နယ်တွင် ယမန့် နိုဝင်ဘာ ၂၉ ရက်အထိ အသက် ၁၈ နှစ်နှင့် အထက် ကိုဗစ် ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးသူ ၅ သိန်းခွဲခန့်အထိ ရှိသွားပြီဖြစ်ကြောင်း သိရသည်။

ကိုဗစ်ကာကွယ်ဆေးပထမအကြိမ်ထိုးနှံသူ ၇၈၉,၂၇၈ ဦးရှိသော်လည်း ဒုတိယအကြိမ်ထိုးနှံပြီးသူ ၅၄၈,၉၀၇ ဦးခန့်ရှိကြောင်း ရခိုင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးဒေါက်တာကြည်လွင်က နိရဥ္စရာအား ပြောသည်။

“အသက် ၁၈ နှစ်နဲ့အထက်တွေလည်း ဒီလိုပဲထိုးပေးနေတာပဲ။ ဆေးနှစ်ကြိမ်လုံးကိုတော့ ၅ သိန်းကျော်ထိုးပြီးပါပြီ” ဟု ပြောသည်။

သို့ရာတွင် အသက်(၁၂) အထက် ကျောင်းသား ၂ သိန်းကျော်ကိုလည်း လွန်ခဲ့သည့် အောက်တိုဘာလ ၁၂ ရက်မှ စတင်ထိုးပေးနေသည်ဟုလည်း သိရသည်။

မြန်မာတစ်နိုင်နိုင်ငံလုံးတွင် နိုဝင်ဘာ ၂၇ ရက်အထိ လူဦးရေစုစုပေါင်း ၁၆,၄၈၅,၃၁၅ ဦးအား ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးဖြစ်ပြီး ယင်းအနက် ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးစီးသူမှာ ၁၁,၆၁၅,ဝ၉၆ ဦးရှိသွားပြီးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏စာရင်းအရ သိရသည်။

ရခိုင်ပြည်နယ်တွင် ကိုဗစ်တတိယလှိုင်းအတွင်း ယမန်နေ့ နိုဝင်ဘာ ၂၉ ရက်နေ့အထိ အတည်ပြုလူနာ ၅,၁၆၁ ဦးရှိခဲ့ပြီးသေဆုံးသူ ၄၉၈ ဦးနှင့် ရောဂါသက်သာ၍ ဆေးရုံဆင်းခွင့်ရရှိသူ ၄,၆၄၈ ဦးရှိခဲ့သည်။

Most read this week

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...