ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ရွှေတူးလုပ်ငန်းများကို ရပ်တန့်ရန် KIO သတိပေး

ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ရွှေတူးလုပ်ငန်းများကို ရပ်တန့်ရန် KIO သတိပေး

ကချင်ပြည်နယ်၊ ရွှေကူခရိုင်နယ်မြေအတွင်းရှိ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်က ရွှေဖောင်(ရွှေတူး)လုပ်ငန်းများကို ရပ်တန့်ရန် KIO ရွှေကူခရိုင်အုပ်ချုပ်ရေးရုံးက နိုဝင်ဘာလ ၃၀ ရက်တွင် သတိပေးထုတ်ပြန်လိုက်သည်။

တရားမဝင် ရွှေတူးဖော်ရေး လုပ်ငန်းများ များပြားလာသည့်အတွက် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၏ အုပ်ချုပ်ရေးအဖွဲ့က ထိုကဲ့သို့ သတိပေးစာထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

အချက်သုံးချက်ပါ ထိုသတိပေးထုတ်ပြန်ချက်တွင် အများပြည်သူနှင့် သက်ဆိုင်သည့် ဘာသာရေးမြေများနှင့် အဆောက်အအုံများ၊ ဒေသခံပြည်သူတို့၏ ထွန်ယက်စိုက်ပျိုးမြေများနှင့်ကျေးရွာများ နှင့် ဧရာဝတီမြစ်၊ သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်းတို့ကြောင့် ရွှေဖောင်များနှင့် တရားမဝင်ရွှေတူးဖော်ခြင်းများကို မပြုလုပ်ကြရန် ဖော်ပြသတိပေးထားသည်။

ဧရာဝတီမြစ် ဖြတ်သန်းစီးဆင်းရာ ရွှေကူမြို့နယ်အတွင်းက သမိုင်းဝင် ဘုမ္မိဇေယျရွှေပေါ်ကျွန်း ဘုရားတည်ရှိသည့် နေရာအနီးတစ်ဝိုက်တွင် တရားမဝင် ရွှေတူးဖော်နေကြသည့်အတွက် ထိုသမိုင်းဝင် ကျွန်းတော်သာသနာ့မြေကြီး ပျက်စီးသွားမည်ကို ဒေသခံများကလည်း စိုးရိမ်နေကြသည်။

အဆိုပါ ရွှေကူမြို့နှင့် ကျွန်းတော်တောင်ကြားက ဧရာဝတီမြစ်ကြောင်းတစ်လျှောက်တွင် မော်တော် အစီးရေ ၂၀၀ ကျော်က တရားမဝင် ရွှေတူးဖော်နေကြသည့်အတွက် ဧရာဝတီမြစ်အပါအဝင် ဒေသခံပြည်သူတို့၏ ကျေးရွာမြေနေရာများ ယိုယွင်းပျက်စီးလာမည်ကို ဒေသခံများ စိုးရိမ်နေကြခြင်း ဖြစ်သည်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း ရွှေကူမြို့ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ရွှေမှော်များတွင် တရားဝင်ရွှေတူးဖော်သူများနှင့် ဒေသခံများ၏ တစ်နိုင်တပိုင် ရွှေတူးမှုများ ရှိနေကြောင်းသိရသည်။

စက်တင်ဘာလပိုင်းမှ စကာ တရားမဝင်ရွှေတူးဖော်မှုများ ရှိလာခဲ့ပြီး ယနေ့အချိန်ထိ နေ့ညမပြတ် တူးဖော်မှုများ ပြုလုပ်နေကြခြင်း ဖြစ်သည်။

ဓာတ်ပုံ - (စစ်ကိုင်းတိုင်းရှိ တောင်သူတစ်ဦး လယ်ထွန်ယက်နေစဉ် / MDN.gov)
August 26, 2026
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များတွင်...
ဓာတ်ပုံ – (တမူး - ကလေးလမ်းပိုင်းတိုက်ပွဲအတွင်း ပျက်စီးသွားသည့် နန်မွန်းတားတံတား ပြုပြင်နေစဉ်/ Crd)
August 26, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ သွား...
ဓာတ်ပုံ - Thingsai Tlaizawng / မီဇိုရမ်ပြည်နယ်အတွင်း ဖမ်းဆီးရမိသည့် လက်နက်ခဲယမ်းများ
August 25, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ရက်ပိုင်းခြား၍ မြန်မာနိုင်ငံမှ သယ်ဆောင်လာသည်ဟု ယူဆရသော သေနတ်...
August 24, 2026
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် မုံရွာခရိုင် ၅+၁ တပ်ဖွဲ့ဝင် နှစ်ဦးနှင့်...