နိုင်ငံတော်သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တို့၏ အမှု ၂ ခု အပြီးသတ်အမိန့်ချရက် ရွှေ့ဆိုင်း

နိုင်ငံတော်သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တို့၏ အမှု ၂ ခု အပြီးသတ်အမိန့်ချရက် ရွှေ့ဆိုင်း

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့၏ အမှုနှစ်ခုအတွက် အပြီးသတ် အမိန့်ကို ယနေ့ နိုဝင်ဘာလ ၃၀ ရက်တွင် ချမှတ်ရန် သတ်မှတ်ထားရာမှ ဒီဇင်ဘာလ ၆ ရက်သို့ ရွှေ့ဆိုင်း လိုက်ကြောင်း ရှေ့နေအဖွဲ့နှင့် နီးစပ်သည့် အသိုင်းအဝိုင်းက မဇ္ဈိမကို ပြောသည်။

ယင်းအမှုများသည် သဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ အမှုနှင့် ဆူပူအောင် လှုံ့ဆော်စေမှု ပုဒ်မ ၅၀၅ (ခ) အမှုတို့ဖြစ်ပြီး နေပြည်တော် ဇဗ္ဗူသီရိ အထူး တရားရုံးက ထိုသို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်ကာ မည်သည့်အတွက်ကြောင့် ရက်ရွှေ့ဆိုင်း လိုက်သည်ကိုမူ မသိရသေးချေ။

ယနေ့ ရုံးချိန်းတွင် ဒေါ်အောင်ဆန်းစုကြည်ကို တရားလို ဦးညီညီ စွဲဆိုထားသော သဘာဝဘေးအမှု တစ်ခုအတွက် တရားခံပြ သက်သေအဖြစ် ဒေါက်တာဇော်မြင့်မောင်က လာရောက် ထွက်ဆိုနိုင်ကြောင်း စွပ်စွဲခံရသူ ရှေ့နေများဘက်က လျှောက်ထားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် အမှုအတွက် ဒေါက်တာဇော်မြင့်မောင် ကိုယ်တိုင် သက်သေထွက်ဆိုပေးရန် လိုလားနေပြီး ၎င်းအနေဖြင့်လည်း ကျန်းမာရေး ကောင်းမွန်ကြောင်း တရားသူကြီးထံ ရှေ့နေအဖွဲ့က လျှောက်ထားခဲ့သည်။

ထို့နောက် စွပ်စွဲခံရသူ ရှေ့နေများအဖွဲ့က ဒေါက်တာဇော်မြင့်မောင်ထံ ဆင့်ခေါ်စာ အသစ်ကို တိုက်ရိုက် ထပ်မံပေးပို့ရန်နှင့် အမှုအတွက် သေချာဆောင်ရွက် ပေးစေလိုကြောင်း လျှောက်ထားခဲ့ကြသည်။

တရားသူကြီးက ရှေ့နေအဖွဲ့၏ လျှောက်ထားချက်နှင့် ပတ်သက်ပြီးဒေါက်တာဇော်မြင့်မောင် လာရောက် ထွက်ဆိုရန် အတွက် ဆင့်ခေါ်စာ ပို့ခြင်း၊ မပို့ခြင်းအပေါ် နောက်ရုံးချိန်းတွင် ဆုံးဖြတ်ချက် ချမှတ်မည်ဖြစ်ကြောင်း ပြန်လည်ပြောကြားသည်။ ယင်းအမှုနှင့် ပတ်သက်၍လည်း ရုံးချိန်းကို ဒီဇင်ဘာလ ၆ ရက်သို့ အလားတူ ပြန်လည် ချိန်းဆိုထားသည်။

ရုရှားနိုင်ငံထုတ် စစ်ကော်မရှင်၏တိုက်လေယာဉ်အသစ်များကို အာဏာသိမ်းပြီးကာလမှာ တွေ့ရစဉ်(ပုံအဟောင်း-AFP)
March 17, 2026
ဓာတု — မန္တလေးတိုင်း၊ မြင်းခြံခရိုင်ရှိ မြင်းခြံနှင့်နွားထိုးကြီးမြို့နယ်တို့တွင် နှစ်လတာအတွင်း...
ဓာတ်ပုံ - ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်အဖွဲ့ဝင် သုံးဖွဲ့မှ တပ်သားများကို အတူတကွ တွေ့ရစဥ် ။
March 16, 2026
မောင်ခက်နွေ — ညီနောင်မဟာမိတ် အဖွဲ့ဝင်များ ဖြစ်သည့် MNDAA နှင့် TNLA တို့အကြား ဖြစ်ပွားနေသည့်...
March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...
March 13, 2026
ပါခွီး — ပဲခူးတိုင်း ၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၈လုံးဖြင့် ပစ်ခတ်...