ဟားခါးမြို့တွင် CDM ကျောင်းဆရာမ ၂ ဦးအပါအဝင် ၅ ဦးဖမ်းဆီးခံရ

ဟားခါးမြို့တွင် CDM ကျောင်းဆရာမ ၂ ဦးအပါအဝင် ၅ ဦးဖမ်းဆီးခံရ

ချင်းပြည်နယ်၊ ဟားခါးမြို့၌ မြို့တွင်း နေရာသုံးနေရာတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့တို့အကြား ထိတွေ့မှုရှိခဲ့ပြီးနောက် နိုဝင်ဘာလ ၂၅ ရက်ညနေပိုင်းက စစ်ကောင်စီတပ်ဖွဲ့များမှ CDM ကျောင်းဆရာမ ၂ ဦးအပါအဝင် ပြည်သူ ၅ ဦးကို ဖမ်းဆီးခဲ့သည်ဟု သိရသည်။

“ ဟိုနေ့က ရပ်ကွက်ထဲမှာ ပစ်ပြီးနောက်နေ့မှာ လူ ၅ ဦးကိုဖမ်းသွားတယ်။ ၂ ယောက်က ရွေး ကောက်ပွဲကော်မရှင်ရုံးက အမျိုးသား အဲ့နှစ်ယောက်ကို အစိုးရဝန်းထမ်းအိမ်ယာမှာ သွားဖမ်းတာ။ နောက်တစ်ယောက်က ခြင်းလုံးခတ်သွားတဲ့ MPT အရောင်းကိုယ်စားလှယ်တစ်ယောက်၊ CDM ကျောင်းဆရာမ ၂ ဦးလည်းပါတယ်” ဟု ဟားခါးမြို့ခံတစ်ဦးကပြောသည်။

လက်ရှိတွင် အဆိုပါဖမ်းဆီးခံရသူများကို ဟားခါးမြို့ ရဲစခန်းတွင်ထိန်းသိမ်းထားပြီး ရဲစခန်းတွင် စစ်ကောင်စီတပ်မှ ဖမ်းဆီးထားသူ အများအပြားလည်းရှိနေကြောင်းသိရသည်။

ယမန်နေ့တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့များသည် ဟားခါးမြို့ အပြင်ဖ က်တစ်နေရာတွင် မွန်းလွဲ ၁၂ နာရီကစတင်ကာ အပြန်အလှန်ပစ်ခတ်မှုရှိခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုရှိမရှိမသိရပေ။

Most read this week

December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 15, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြည်သူဆေးရုံးကြီးကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုသည်...
December 10, 2025
စစ်အာဏာရှင်တော်လှန်ရေး ငါးနှစ်နီးပါး ရှိလာချိန်တွင် ချင်းလူမှုအသိုင်းအဝိုင်းကြား လူ့အခွင့်အရေး၊...