ဟားခါးမြို့တွင် CDM ကျောင်းဆရာမ ၂ ဦးအပါအဝင် ၅ ဦးဖမ်းဆီးခံရ

ဟားခါးမြို့တွင် CDM ကျောင်းဆရာမ ၂ ဦးအပါအဝင် ၅ ဦးဖမ်းဆီးခံရ

ချင်းပြည်နယ်၊ ဟားခါးမြို့၌ မြို့တွင်း နေရာသုံးနေရာတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့တို့အကြား ထိတွေ့မှုရှိခဲ့ပြီးနောက် နိုဝင်ဘာလ ၂၅ ရက်ညနေပိုင်းက စစ်ကောင်စီတပ်ဖွဲ့များမှ CDM ကျောင်းဆရာမ ၂ ဦးအပါအဝင် ပြည်သူ ၅ ဦးကို ဖမ်းဆီးခဲ့သည်ဟု သိရသည်။

“ ဟိုနေ့က ရပ်ကွက်ထဲမှာ ပစ်ပြီးနောက်နေ့မှာ လူ ၅ ဦးကိုဖမ်းသွားတယ်။ ၂ ယောက်က ရွေး ကောက်ပွဲကော်မရှင်ရုံးက အမျိုးသား အဲ့နှစ်ယောက်ကို အစိုးရဝန်းထမ်းအိမ်ယာမှာ သွားဖမ်းတာ။ နောက်တစ်ယောက်က ခြင်းလုံးခတ်သွားတဲ့ MPT အရောင်းကိုယ်စားလှယ်တစ်ယောက်၊ CDM ကျောင်းဆရာမ ၂ ဦးလည်းပါတယ်” ဟု ဟားခါးမြို့ခံတစ်ဦးကပြောသည်။

လက်ရှိတွင် အဆိုပါဖမ်းဆီးခံရသူများကို ဟားခါးမြို့ ရဲစခန်းတွင်ထိန်းသိမ်းထားပြီး ရဲစခန်းတွင် စစ်ကောင်စီတပ်မှ ဖမ်းဆီးထားသူ အများအပြားလည်းရှိနေကြောင်းသိရသည်။

ယမန်နေ့တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့များသည် ဟားခါးမြို့ အပြင်ဖ က်တစ်နေရာတွင် မွန်းလွဲ ၁၂ နာရီကစတင်ကာ အပြန်အလှန်ပစ်ခတ်မှုရှိခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုရှိမရှိမသိရပေ။

ကလေးမြို့နယ်အတွင်း စစ်အုပ်စုတပ်ဖွဲ့ဝင်အချို့ကို တွေ့ရစဉ်။ / CJ - ပုံဟောင်း
September 21, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မွန်လိုင်ရပ်ကွက်၌ နာရေးမဏ္ဍပ် ဆောက်လုပ်ပေးနေသည့် ချင်းလူငယ် ၂ ဦးကို...
September 19, 2026
စစ်အုပ်စုတပ်၏ မတရားဖမ်းဆီးထောင်ချခြင်းခံခဲ့ရသူ ချင်းလူငယ် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးသည်...
ဓာတ်ပုံ - Crd
September 16, 2026
ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့ဝင် ချင်းအင်အားစုများဖြစ်သည့် ချင်းအမျိုးသားတပ်မတော် (CNA...
ဓာတ်ပုံ - (PDF – Zoland / ပုံဟောင်း)
September 14, 2026
ချင်းပြည်မြောက်ပိုင်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်များတွင် အခြေစိုက်လှုပ်ရှားနေသည့် PDF-Zoland...