KIO ဗဟိုကော်မတီဝင် ဗိုလ်မှူးချုပ် အင်ဘန်ဘွမ်ဆင်ဝါး ကွယ်လွန်

KIO ဗဟိုကော်မတီဝင် ဗိုလ်မှူးချုပ် အင်ဘန်ဘွမ်ဆင်ဝါး ကွယ်လွန်

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့၌ မိသားစုနှင့်အတူနေထိုင်နေသူ KIO အစိုးရ၏ ဗဟိုကော်မတီဝင် ဗိုလ်မှူးချုပ် အင်ဘန်ဘွမ်ဆင်ဝါး နိုဝင်ဘာလ ၂၆ရက်တွင် ကွယ်လွန်သွားကြောင်း မိသားစုနှင့် နီးစပ်သူထံက သိရသည်။

အသက် (၈၁)နှစ် ရှိပြီဖြစ်သည့် Du Up Daju Nbang Bum Sin Wa (ဗိုလ်မှူးချုပ် အင်ဘန်ဘွမ်ဆင်ဝါး) သည် ဖျားနာ၍ ယနေ့ နံနက် ၉နာရီကျော်တွင် လိုင်ဇာမြို့ရှိ ၎င်း၏နေအိမ်မှာပင် ကွယ်လွန်သွားခဲ့သည်ဟု မိသားစုနှင့်နီး စပ်သည့် သတင်းရင်းမြစ်က ဆိုသည်။

ဗိုလ်မှူးချုပ် အင်ဘန်ဘွမ်ဆင်ဝါးသည် KIO အစိုးရအဖွဲ့၏ သက်တော်ရှည် ဝါရင့် ဗဟိုကော်မတီဝင်တစ်ဦးဖြစ်ပြီး ၁၉၄၀ ခုနှစ်တွင် ကချင်ပြည်နယ် ပူတာအိုခရိုင် ဆွမ်ပရာဘွမ်မြို့နယ် ကဝါးပန် (Kawa Pang) ကျေးရွာ၌ မွေးဖွားခဲ့သူဖြစ်ကြောင်း အဆိုပါ သတင်းရင်းမြစ်က ပြောသည်။

လက်ရှိအချိန်တွင် KIO ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့တွင် COVID-19 ကူးစက်ရောဂါကြောင့် ကန့်သတ်မှုများ ပြုလုပ်ထားသည့်အတွက် ဗိုလ်မှူးချုပ်၏ နောက်ဆုံးခရီးကို မည်သို့လုပ်ဆောင်ကြမည်ကို KIO အစိုးရအဖွဲ့က စီစဉ်နေဆဲဖြစ်သည်ဟု ကနဦး စုံစမ်းသိရှိရသည်။

ဓာတ်ပုံ - (စစ်ကိုင်းတိုင်းရှိ တောင်သူတစ်ဦး လယ်ထွန်ယက်နေစဉ် / MDN.gov)
August 26, 2026
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များတွင်...
ဓာတ်ပုံ – (တမူး - ကလေးလမ်းပိုင်းတိုက်ပွဲအတွင်း ပျက်စီးသွားသည့် နန်မွန်းတားတံတား ပြုပြင်နေစဉ်/ Crd)
August 26, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ သွား...
ဓာတ်ပုံ - Thingsai Tlaizawng / မီဇိုရမ်ပြည်နယ်အတွင်း ဖမ်းဆီးရမိသည့် လက်နက်ခဲယမ်းများ
August 25, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ရက်ပိုင်းခြား၍ မြန်မာနိုင်ငံမှ သယ်ဆောင်လာသည်ဟု ယူဆရသော သေနတ်...
August 24, 2026
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် မုံရွာခရိုင် ၅+၁ တပ်ဖွဲ့ဝင် နှစ်ဦးနှင့်...