ရခိုင်အခြေစိုက်သတင်းဌာနများကို စုံစမ်းရှာဖွေမှုများမရှိခဲ့ကြောင်း ရဲတပ်ဖွဲ့မှငြင်းဆို

ရခိုင်အခြေစိုက်သတင်းဌာနများကို စုံစမ်းရှာဖွေမှုများမရှိခဲ့ကြောင်း ရဲတပ်ဖွဲ့မှငြင်းဆို

ရခိုင်အခြေစိုက်သတင်းဌာနများကို စုံစမ်းရှာဖွေမှုများမရှိကြောင်းနှင့် အမှုဖွင့်ထားခြင်းများလည်းမရှိကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက နိုဝင်ဘာ ၂၃ ရက်တွင် DMG သို့ပြောသည်။

“ဒီကိစ္စနဲ့ပတ်သက်လို့ ကျွန်တော်တို့မကြားမိဘူး။ လက်ရှိလည်း အဲဒါနဲ့ပတ်သက်လို့ အရေးယူတာလည်းဘာမှမရှိဘူး”ဟု ၎င်းရဲအရာရှိကပြောသည်။

ရဲတပ်ဖွဲ့ဝင်များအပါအဝင် သတင်းရဲတပ်ဖွဲ့(SB)ဟုယူဆရသူများမှ နိုဝင်ဘာလ ၁၉ ရက်နေ့ ညပိုင်းတွင် ရခိုင်ပြည်နယ်အခြေစိုက် "Western News"သတင်းဌာန၏ ရုံးစိုက်ရာနေရာကို စစ်တွေမြို့ရှိရပ်ကွက်များ၌ စုံစမ်းမေးမြန်းမှုများရှိခဲ့ကြောင်း ယင်းသတင်းဌာနမှ ထုတ်ပြန်ထားသည်။

Western News သတင်းဌာနမှ AA က ကျဆုံးခဲ့သည့် ဗိုလ်လောင်း ၈ ဦး၏ သတင်းရေးသားခဲ့သည်နှင့်ပတ်သက်၍ လာရောက်စုံစမ်းခြင်းဖြစ်သလို ရခိုင်ပြည်နယ်အတွင်း စစ်တပ်က လူ့အခွင့်အရေးချိုးဖောက်မှုနှင့်ပတ်သက်၍ ရေးသားခဲ့သည့်အပေါ် ယခုကဲ့သို့လာရောက်စုံစမ်းစစ်ဆေးမှုများလုပ်သည်ဟုယူဆကြောင်းလည်း ယင်းသတင်းဌာနမှထုတ်ပြန်သည်။

ယင်းသို့ ရခိုင်အခြေစိုက်သတင်းဌာနများအား စုံစမ်းမေးမြန်းမှုများမရှိခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူက ငြင်းဆိုသည်။

Western News သတင်းဌာနမှ အယ်ဒီတာချုပ်က “မီဒီယာသတင်းမားတွေကို စစ်ကားတွေနဲ့လာပြီးတော့ ခြိမ်းခြောက်တာတွေ။ နောက်ပြီးတော့ နောက်ယောင်ခံပြီးတော့ လိုက်ရှာတာတွေ။ ဒါကအကျိုးရလဒ်ထက် အဆိုးဆီပိုပြီးဦးတည်သွားတာပေါ့"ဟု ပြောသည်။

လက်ရှိတွင် Western News သတင်းဌာနမှ သတင်းထောက်များမှာတိမ်းရှောင်ကာ သတင်းလုပ်ငန်းကို ဆက်လက်လုပ်ကိုင်နေရကြောင်း သိရသည်။

မကြာသေးမီက Western News သတင်းဌာနမှ တာဝန်ရှိသူများကို နယ်/လုံနှင့် ပြည်နယ်ရဲမှူးတို့မှခေါ်ယူပြီး စစ်ကောင်စီဟုမသုံးနှုန်းရန် ခေါ်ယူသတိပေးမှုများရှိခဲ့ကြောင်းလည်း ယင်းသတင်းဌာနမှ အယ်ဒီတာချုပ်ကပြောသည်။

Most read this week

AA Info Desk (အမ်းမြို့နယ်၊ တလိုင်းတောင်ကျေးရွာ လေကြောင်းမှ ဗုံးကြဲခံရသည့် မြင်ကွင်း)
August 11, 2026
ရခိုင်ရိုးမပေါ်တွင် တစ်ခုတည်း ကျန်ရှိတော့သည့် နတ်ရေကန် ဗျူဟာကုန်းစခန်းအနီး တိုက်ပွဲများတွင်...
(DMG) နှစ်နိုင်ငံ ကုန်သွယ်မှုပြုလုပ်နေသော မောင်တော ကညင်ချောင်း စီးပွားရေးဇုန် နေရာ
August 11, 2026
ရခိုင်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား နယ်စပ်ကုန်သွယ်မှုများ ရှိနေသော်လည်း အခွန်နှုန်းထား...
ဓါတ်ပုံ - (EPA/EFE) ရွှေသောင်ယံကမ်းခြေတွင် ပြုလုပ်ခဲ့သော စစ်အုပ်စု၏ စစ်ဆင်ရေး လေ့ကျင့်မှု။ (ပုံဟောင်း)
August 11, 2026
တိုက်ပွဲများ ပြင်းထန်နေသည့် ရခိုင်ပြည်၊ ကျောက်ဖြူ စစ်မျက်နှာများတွင် စစ်တပ်က အကျအရှုံး...
August 10, 2026
စစ်အုပ်စုတပ်က ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပေါ်တွင် ရန်ကုန်မှ ကုန်တင်သင်္ဘော...