ရခိုင်အခြေစိုက်သတင်းဌာနများကို စုံစမ်းရှာဖွေမှုများမရှိခဲ့ကြောင်း ရဲတပ်ဖွဲ့မှငြင်းဆို

ရခိုင်အခြေစိုက်သတင်းဌာနများကို စုံစမ်းရှာဖွေမှုများမရှိခဲ့ကြောင်း ရဲတပ်ဖွဲ့မှငြင်းဆို

ရခိုင်အခြေစိုက်သတင်းဌာနများကို စုံစမ်းရှာဖွေမှုများမရှိကြောင်းနှင့် အမှုဖွင့်ထားခြင်းများလည်းမရှိကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက နိုဝင်ဘာ ၂၃ ရက်တွင် DMG သို့ပြောသည်။

“ဒီကိစ္စနဲ့ပတ်သက်လို့ ကျွန်တော်တို့မကြားမိဘူး။ လက်ရှိလည်း အဲဒါနဲ့ပတ်သက်လို့ အရေးယူတာလည်းဘာမှမရှိဘူး”ဟု ၎င်းရဲအရာရှိကပြောသည်။

ရဲတပ်ဖွဲ့ဝင်များအပါအဝင် သတင်းရဲတပ်ဖွဲ့(SB)ဟုယူဆရသူများမှ နိုဝင်ဘာလ ၁၉ ရက်နေ့ ညပိုင်းတွင် ရခိုင်ပြည်နယ်အခြေစိုက် "Western News"သတင်းဌာန၏ ရုံးစိုက်ရာနေရာကို စစ်တွေမြို့ရှိရပ်ကွက်များ၌ စုံစမ်းမေးမြန်းမှုများရှိခဲ့ကြောင်း ယင်းသတင်းဌာနမှ ထုတ်ပြန်ထားသည်။

Western News သတင်းဌာနမှ AA က ကျဆုံးခဲ့သည့် ဗိုလ်လောင်း ၈ ဦး၏ သတင်းရေးသားခဲ့သည်နှင့်ပတ်သက်၍ လာရောက်စုံစမ်းခြင်းဖြစ်သလို ရခိုင်ပြည်နယ်အတွင်း စစ်တပ်က လူ့အခွင့်အရေးချိုးဖောက်မှုနှင့်ပတ်သက်၍ ရေးသားခဲ့သည့်အပေါ် ယခုကဲ့သို့လာရောက်စုံစမ်းစစ်ဆေးမှုများလုပ်သည်ဟုယူဆကြောင်းလည်း ယင်းသတင်းဌာနမှထုတ်ပြန်သည်။

ယင်းသို့ ရခိုင်အခြေစိုက်သတင်းဌာနများအား စုံစမ်းမေးမြန်းမှုများမရှိခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူက ငြင်းဆိုသည်။

Western News သတင်းဌာနမှ အယ်ဒီတာချုပ်က “မီဒီယာသတင်းမားတွေကို စစ်ကားတွေနဲ့လာပြီးတော့ ခြိမ်းခြောက်တာတွေ။ နောက်ပြီးတော့ နောက်ယောင်ခံပြီးတော့ လိုက်ရှာတာတွေ။ ဒါကအကျိုးရလဒ်ထက် အဆိုးဆီပိုပြီးဦးတည်သွားတာပေါ့"ဟု ပြောသည်။

လက်ရှိတွင် Western News သတင်းဌာနမှ သတင်းထောက်များမှာတိမ်းရှောင်ကာ သတင်းလုပ်ငန်းကို ဆက်လက်လုပ်ကိုင်နေရကြောင်း သိရသည်။

မကြာသေးမီက Western News သတင်းဌာနမှ တာဝန်ရှိသူများကို နယ်/လုံနှင့် ပြည်နယ်ရဲမှူးတို့မှခေါ်ယူပြီး စစ်ကောင်စီဟုမသုံးနှုန်းရန် ခေါ်ယူသတိပေးမှုများရှိခဲ့ကြောင်းလည်း ယင်းသတင်းဌာနမှ အယ်ဒီတာချုပ်ကပြောသည်။

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...