အာကာသလွန်းပျံယာဉ် အစိတ်အပိုင်းတစ်ခု ရခိုင်ပင်လယ်ပြင်သို့ ကျရောက်

အာကာသလွန်းပျံယာဉ် အစိတ်အပိုင်းတစ်ခု ရခိုင်ပင်လယ်ပြင်သို့ ကျရောက်

အာကာသလွန်းပျံယာဉ်မှ မလိုအပ်သောအစိတ်အပိုင်းတစ်ခုသည် နိုဝင်ဘာ ၂၃ ရက် နံနက် ၅ နာရီခွဲအချိန်က ရခိုင်ပြည်နယ် သံတွဲမြို့နယ်နှင့် မာန်အောင်မြို့နယ်အနီးပင်လယ်ပြင်သို့ ကျရောက်ခဲ့ကြောင်း ဒေသခံများကပြောသည်။

ကောင်းကင်မှအလင်းတန်းကြီးတစ်ခုသည် မာန်အောင်မြို့၏အနောက်တောင်ဖက်ပင်လယ်ထဲသို့ ကျသွားသည်ကိုတွေ့မြင်လိုက်ပြီး ပေါက်ကွဲသံများလည်းကြားလိုက်ရကြောင်း မာန်အောင်မြို့ ကအီးကမ်းခြေအနီးနေထိုင်သူ ဒေသခံကိုအောင်ထွန်းလင်း ပြောသည်။

“အလင်းတန်းတစ်ခု မြောက်ဖက်ကဖြတ်လာပြီးတော့ အနောက်တောင်ဖက်ပင်လယ်ပြင်ထဲကိုကျသွားပြီး ပေါက်ကွဲသံ ၂ ချက်နဲ့အတူ တုန်ခါမှုတွေပါဖြစ်သွားတယ်။ ဘာဖြစ်တယ်ဆိုတာကိုတော့မသိဘူး။ ထိခိုက်မှုရှိတဲ့အသံတွေတော့ မကြားမိဘူး"ဟု ၎င်းကပြောသည်။

ယင်းသို့ပေါက်ကွဲခြင်းမှာ တရုတ်မှလွှတ်တင်ထားသော ဂြိုဟ်တုမှ စွန်ပစ်ပစ္စည်းဖြစ်ပြီး သင်္ဘောနှင့် ငါးဖမ်းလှေများကိုမထွက်ရန် သက်ဆိုင်ရာမှ စာထုတ်ပြန်ပေးပို့ထားကြောင်း မာန်အောင်-တောင်ကုတ်ပြေးဆွဲနေသည့် အမြန်ရေယာဉ်ပိုင်ရှင် ကိုမောင်မောင်အေးကပြောသည်။

"စာတော့ဝင်ထားတယ်။ ဂြိုဟ်တုစွန့်ပစ်ပစ္စည်းတစ်ခုကျဖို့ရှိတယ်။ ဒီနေ့ နံနက် ၅ နာရီ ၆ နာရီလောက်ကို။ အဲဒါကြောင့် ရေယာဉ်တွေမထွက်ဖို့ အစိုးရကသတိပေးထားတာရှိတယ်"ဟု ၎င်းကပြောဆိုသည်။

ယင်းအာကာသယာဉ်မှပြုတ်ကျသည့် စွန့်ပစ်ပစ္စည်းမှာ သံတွဲလေဆိပ်၏ အနောက်တောင်ဖက် ၃၄ မိုင်နှင့် မာန်အောင်လေဆိပ် အနောက်တောင်ဖက် ရေမိုင် ၄၃ မိုင်သို့ကျဆင်းနိုင်ကြောင်း သက်ဆိုင်ရာမှ အသိပေးထားကြောင်း သိရသည်။

အလားတူ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့ကလဲ တရုတ်အာကာသလွန်းပျံယာဉ်မှ မလိုအပ်သောအစိတ်ပိုင်းကို ရခိုင်ပြည်နယ် မာန်အောင်လေဆိပ်၏ တောင်ဘက်ရေမိုင်(၄၅)မိုင်ခန့်၊ သံတွဲလေဆိပ်၏ အနောက်တောင်ဘက် ရေမိုင်(၃၃)မိုင်ခန့်နှင့် ပုသိမ်လေဆိပ်၏ အနောက်မြောက်ဘက် ရေမိုင်(၆၀)မိုင်ခန့် ပင်လယ်ပြင်တွင် စွန့်ပစ်မှုပြုလုပ်ခဲ့သည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...