ကျောက်တော် ကန်စောက်တောင်တွင် ဘုရားဖူးကားတစ်စီး ထပ်မံတိမ်းမှောက်၍ လူ ၂ဝ ကျော် ဒဏ်ရာရ

ကျောက်တော် ကန်စောက်တောင်တွင် ဘုရားဖူးကားတစ်စီး ထပ်မံတိမ်းမှောက်၍ လူ ၂ဝ ကျော် ဒဏ်ရာရ

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ကန်စောက်ကျေးရွာအနီး ကန်စောက်တောင်ပေါ်တွင် ဘုရားဖူးကားတစ်စီးသည် နိုဝင်ဘာ ၁၈ နံနက်က ထပ်မံတိမ်းမှောက်မှုဖြစ်ပွားခဲ့သည့်အတွက် ကားပေါ်ပါ ခရီးသည် ၂၂ ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။

ဒဏ်ရာရရှိသူ ၂၂ ဦးအထဲတွင် ဒဏ်ရာပြင်းထန်သူ ၁၂ ဦး၊ ပွန်းပဲ့ဒဏ်ရာ အနည်းငယ်ရရှိသူ ၁၀ ဦးဖြစ်ကြောင်း ကန်စောက်ဒေသခံ ကိုအောင်စံသိန်းက ပြောသည်။

ထိုဘုရားဖူးကားမှာ ဒိုင်နာအမျိုးအစားဖြစ်ပြီး မင်းပြားမြို့နယ်ဘက်မှ ပုဏ္ဏားကျွန်းမြို့ရှိ ဦးရာဇ်တောင်ဘုရားသို့ ဘုရားဖူးသွားသည့်ကားဖြစ်သည်။

ယင်းသို့ဘုရားဖူးသွားစဉ် ယနေ့ နိုဝင်ဘာလ ၁၈ ရက် နံနက် ၁၁ နာရီခန့်က ကန်စောက်တောင်အဆင်းတွင် ဝိတ်များ၍ တိမ်းမှောက်သွားခြင်းဖြစ်ပြီး လမ်းဘေးသံဘောင်များရှိခြင်းကြောင့် ချောက်ထဲသို့ကျမသွားခဲ့ဟု ၎င်းက ပြောသည်။

“ ဒဏ်ရာရတာက ၂၀ ကျော်လောက်လို့ ပြောတယ်။ ဒဏ်ရာများတာက ၁၂ ယောက်လောက်ရှိပါတယ်။ အသေအပျောက်တော့ မရှိဘူး” ဟု ပြောသည်။

ကားပေါ်တွင် ခရီးသည် ၄၂ ဦးလိုက်ပါလာခဲ့သည့်အနက် ၂၂ ဦးဒဏ်ရာရရှိခဲ့ပြီး လက်ရှိတွင် ၄င်းတို့ကို ကျောက်တော်မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ထားကြောင်း သိရသည်။

ကျောက်တော်ပြည်သူ့ ဆေးရုံအုပ် ဒေါက်တာ သန်းထွန်းဦးက “ကန်စောက်မှာ ကားမှောက်လို့ ဒဏ်ရာရသူတွေ ကျောက်တော်ဆေးရုံကို ရောက်နေတုန်းပဲ ရှိပါသေးတယ်။ လောလောဆယ်တော့ ပြင်းထန်ဒဏ်ရာရတဲ့လူတွေမပါသေးဘူး” ဟု ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၄ ရက်ကလည်း ကန်စောက်တောင်အတက်တွင် မင်းပြားမြို့နယ်ဘက်မှ ဘုရားဖူးကားတစ်စီးတိမ်းမှောက်မှုဖြစ်ခဲ့ပြီး ဘုရားဖူးခရီးသည် အမျိုးသမီး ၂ ဦးသေဆုံး၍ ၁၄ ဦး ဒဏ်ရာ ရရှိသွားခဲ့သေးသည်။

Most read this week

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...