PDF နှင့် မပတ်သက်ရန် မန္တလေးခရိုင်အတွင်း စစ်ကောင်စီ ခြိမ်းခြောက်စာ လိုက်ကပ်

PDF နှင့် မပတ်သက်ရန် မန္တလေးခရိုင်အတွင်း စစ်ကောင်စီ ခြိမ်းခြောက်စာ လိုက်ကပ်

မန္တလေးခရိုင်အတွင်းရှိ ကျေးရွာတချို့တွင် စစ်ကောင်စီလက်အောက်ခံအဖွဲ့အစည်းများကပြည်သူများအနေဖြင့် PDF နှင့်မပတ်သက်ရန် ခြိမ်းခြောက်စာလိုက်ကပ်နေကြကြောင်း ဒေသခံများထံမှ သိရသည်။

“ပျူစောထီးတွေက စာလာကပ်သွားတယ်။ အော်လည်း အော်သွားတယ်။ မင်းတို့တွေ ငါတို့ကပ်ထားတဲ့ စာလာဖတ်ကြ၊ အဲဒီအတိုင်းနေ မနေရင် နာမယ် ဘာညာပေါ့။ စာလာကပ်တာ စစ်သားနဲ့ရဲလည်း ပါတယ်။ လုံခြုံရေးအပြည့်နဲ့” ဟု ပုသိမ်ကြီးမြို့နယ်မှ ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

အဆိုပါ ခြိမ်းခြောက်စာများအား ယမန်နေ့ နိုဝင်ဘာလ ၁၆ ရက်နေ့ကစ၍ မြို့နှင့် မလှမ်းမကမ်း ရပ်ကွက်ကျေးရွာများတွင် လိုက်ကပ်ခဲ့ခြင်းဖြစ်ပြီး ယနေ့ နံနက်ပိုင်းတွင် ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာတချို့တွင် လိုက်ကပ်ခဲ့ခြင်းဖြစ်သည်။

“ဘယ်အချိန် ကပ်သွားမှန်း မသိဘူး။ ညလူခြေတိတ်ချိန် ကပ်ကြတယ် ထင်တယ်။ မြို့ပေါ်မှာတော့ ပေါ်ပေါ်ထင်ထင် လုပ်တာ မတွေ့ရဘူး။ ကြောက်ကြောက်နဲ့လုပ်ကြတယ် ထင်တယ်။ ခြိမ်းခြောက်စာ ကပ်တယ်ဆိုလို့ သွားကြည့် မရှိတော့ဘူး။ ဓာတ်ပုံရိုက်တင်တာလည်း သူတို့ပဲဖြစ်မှာ” ဟု ယမန်နေ့ အခြေအနေနှင့် ပတ်သက်၍ ဒေသခံ နောက် တစ်ဦးကပြောသည်။

အဆိုပါခြိမ်းခြောက်စာတွင် PDF များအား အကြမ်းဖက်သမားများဟု သုံးနှုန်းရေးသားထားပြီး၊ PDF ခိုအောင်းနေထိုင်သည့် နေအိမ်များအား နိုင်ငံတော်ပိုင်အဖြစ်သိမ်းမည်၊ PDF များအား လက်ခံနေထိုင်ခွင့်ပြုသည့် ကျေးရွာများကို စုစည်းရွာများအဖြစ် ရွှေ့ပြောင်းခြင်းများ ပြုလုပ်မည်၊ NLD ပါတီနှင့် ပတ်သက်သည့် PDF များ အမြစ်ပြတ် ချေမှုန်းခံရမည်၊ PDF များ အလင်းမဝင်လျှင် လုံခြုံရေးတပ်ဖွဲ့နှင့် ပူးပေါင်း၍ အမြစ်ပြတ်ချေမှုန်းမည်ဟု ပါရှိသည်။

စစ်ကောင်စီ လက်အောက်ခံများသည် ပြီးခဲ့သည့် အောက်တိုဘာလအတွင်းကလည်း မိတ္ထီလာ၊ မြင်းခြံ အစရှိသည့် ခရိုင်မြို့ကြီး တချို့ရှိ ကျေးရွာတချို့တွင် အလားတူ ခြိမ်းခြောက်စာများ လိုက်ကပ်ခဲ့သေးကြောင်း သိရသည်။

Most read this week

ရုရှားနိုင်ငံထုတ် စစ်ကော်မရှင်၏တိုက်လေယာဉ်အသစ်များကို အာဏာသိမ်းပြီးကာလမှာ တွေ့ရစဉ်(ပုံအဟောင်း-AFP)
March 17, 2026
ဓာတု — မန္တလေးတိုင်း၊ မြင်းခြံခရိုင်ရှိ မြင်းခြံနှင့်နွားထိုးကြီးမြို့နယ်တို့တွင် နှစ်လတာအတွင်း...
ဓာတ်ပုံ - ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်အဖွဲ့ဝင် သုံးဖွဲ့မှ တပ်သားများကို အတူတကွ တွေ့ရစဥ် ။
March 16, 2026
မောင်ခက်နွေ — ညီနောင်မဟာမိတ် အဖွဲ့ဝင်များ ဖြစ်သည့် MNDAA နှင့် TNLA တို့အကြား ဖြစ်ပွားနေသည့်...
March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...
March 13, 2026
ပါခွီး — ပဲခူးတိုင်း ၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၈လုံးဖြင့် ပစ်ခတ်...