မုံရွာမြို့တွင် အမျိုးသားများ ဆိုင်ကယ်နောက်တွင် လိုက်ပါမစီးနင်းရဟု စစ်ကောင်စီထုတ်ပြန်

မုံရွာမြို့တွင် အမျိုးသားများ ဆိုင်ကယ်နောက်တွင် လိုက်ပါမစီးနင်းရဟု စစ်ကောင်စီထုတ်ပြန်

မုံရွာမြို့တွင် ဆိုင်ကယ်စီးလျှင် လိုက်နာရမည့် စည်းကမ်းချက်များကို စစ်ကောင်စီက ထုတ်ပြန် လိုက်ပြီး အမျိုးသားများ ဆိုင်ကယ်နောက်တွင် လိုက်ပါမစီးရဟူသော အချက်လည်း ပါရှိသည်။

“ဆိုင်ကယ်စီးတာမှာ ယောကျ်ား နှစ်ယောက် တွဲစီးလို့ မရဘူး။ ယောကျ်ားလေးက ရှေ့က မောင်းပြီး အမျိုးသမီးက နောက်က ထိုင်လို့တော့ရတယ်။ အမျိုးသမီးမောင်းတဲ့ နောက်မှာလည်း ယောကျ်ားက ထိုင်စီးလို့ မရဘူး။ အမျိုးသမီး နှစ်ယောက်တော့ စီးလို့ရတယ်” ဟု မုံရွာမြို့ခံ တစ်ဦးက ပြောသည်။

နိုဝင်ဘာလ ၁၃ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်တွင် သုံးရက်အတွင်း ပညာပေးကာလအဖြစ် သတ်မှတ် စစ်ဆေးသွားမည်ဖြစ်ပြီး နိုဝင်ဘာ ၁၆ နှင့် ၁၇ ရက်များတွင် ဖမ်းဆီးသွားကာ နောက်ရက်များတွင်မူ အမေးအမြန်းမရှိ ပစ်ခတ်သွားမည်ဟု ပါရှိသည်။

အဆိုပါ ထုတ်ပြန်စာများကို မုံရွာမြို့ အဝင်ဂိတ်နှင့် စစ်ဆေးရေးဂိတ်များတွင် ထုတ်ပြန်ထားသည်ဟု မြို့ခံတစ်ဦးက ပြောသည်။

မုံရွာမြို့ရှိ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး အင်အားစုများသည် ဆိုင်ကယ် နှစ်ယောက်စီးနင်းပြီး နောက်မှ လိုက်ပါသူက ဗုံး ၊သေနတ်များ ဖြင့်တို က်ခိုက်လေ့ရှိ ခြင်းကြောင့် ယခုကဲ့သို့ စည်းကမ်း ချက်များ ထုတ်ပြန်ခြင်း ဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။

ယနေ့ နိုဝင်ဘာ ၁၅ ရက် နံနက်တွင် မုံရွာမြို့ အတွင်းရှိ ကျောက္ကာလမ်းနှင့် ဘိုတေဇလမ်းထောင့် ၊ မိုးကောင်း မြဝတီရုံးအနီး ၊ ဝင်းယူနတီဟိုတယ်နှင့် အာမခံရုံးအကြား ၊ ကမ်းနားလမ်းဇာတ်ဆိပ် ၊ ပြည်ထောင်စုလမ်း မီးပွိုင့် နှင့် ဘူတာ ရှေ့များတွင် ဆိုင်ကယ်များကို ဖမ်းဆီးစစ်ဆေး နေပြီး ညွှန်ကြားချက်နှင့် မကိုက်ညီသူများထံက ငွေတောင်းရမ်းနေသည်ဟုလည်း ဒေသခံက ပြောသည်။

ယခု ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး မည်သည့်ဌာနက အမိန့်ထုတ်ပြန်ခြင်း ဖြစ်သည်ကိုမူ အတည် ပြုနိုင်ခြင်း မရှိသေးပေ။ ယခုကဲ့သို့ ထုတ်ပြန်ချက်မျိုးကို တနင်္သာရီတိုင်း ၊ မြိတ်မြို့နှင့် ထားဝယ်မြို့ များတွင်လည်း ထုတ်ပြန်ထားသည်။

Most read this week

ရုရှားနိုင်ငံထုတ် စစ်ကော်မရှင်၏တိုက်လေယာဉ်အသစ်များကို အာဏာသိမ်းပြီးကာလမှာ တွေ့ရစဉ်(ပုံအဟောင်း-AFP)
March 17, 2026
ဓာတု — မန္တလေးတိုင်း၊ မြင်းခြံခရိုင်ရှိ မြင်းခြံနှင့်နွားထိုးကြီးမြို့နယ်တို့တွင် နှစ်လတာအတွင်း...
ဓာတ်ပုံ - ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်အဖွဲ့ဝင် သုံးဖွဲ့မှ တပ်သားများကို အတူတကွ တွေ့ရစဥ် ။
March 16, 2026
မောင်ခက်နွေ — ညီနောင်မဟာမိတ် အဖွဲ့ဝင်များ ဖြစ်သည့် MNDAA နှင့် TNLA တို့အကြား ဖြစ်ပွားနေသည့်...
March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...
March 13, 2026
ပါခွီး — ပဲခူးတိုင်း ၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၈လုံးဖြင့် ပစ်ခတ်...