ရှမ်း-ကယားနယ်စပ်ရှိ စစ်ရှောင် ဦးရေ ၅၀,၀၀၀ ကျော်အတွက် ရိက္ခာနှင့်ဆေးဝါးလိုအပ်နေ

ရှမ်း-ကယားနယ်စပ်ရှိ စစ်ရှောင် ဦးရေ ၅၀,၀၀၀ ကျော်အတွက် ရိက္ခာနှင့်ဆေးဝါးလိုအပ်နေ

စစ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင် တော်လှန်တိုက်ပွဲများ ပြင်းထန်ရာ ရှမ်း- ကယားနယ်စပ် ဖယ်ခုံမြို့နယ်နှင့် ဒီးမော့ဆိုမြို့နယ်မှ စစ်ဘေးရှောင်ဦး ရေ ၅၀,၀၀၀ ကျော်(ငါးသောင်းကျော်) ဝန်းကျင်အတွက် အခြေခံစားသောက်ကုန်နှင့် ဆေးဝါးပစ္စည်းများ လိုအပ်လျက်ရှိကြောင်း ဒီးမော့ဆို PDFအဖွဲ့ထံက သိရသည်။

ဖယ်ခုံမြို့နှင့် မိုင် ၄၀ ခန့်အကွာရှိ ကျေးရွာများမှ စစ်ဘေးရှောင်များထံသို့ ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ဒီးမော့ဆို PDF)မှ ဆန်နှင့် အခြားဆေးဝါးများ ကူညီပို့ဆောင်ပေးနေရကြောင်း ဒီးမော့ဆို PDF ပြန်ကြားရေး တာဝန်ခံကပြောသည်။

ယမန်နေ့ နိုဝင်ဘာ ၁၄ ရက်တွင် ဒီးမော့ဆို PDFတပ်ရင်း (B )မှ ရဲဘော်များစုပေါင်းပြီး ၎င်းတို့တွင်ရှိသည့် ဆန်နှင့် ရိက္ခာခြောက်များကို စုဆောင်းကာ စစ်ရှောင် ဒေသခံများသို့ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

“ဖယ်ခုံနဲ့ဝေးပြီး ကျွန်တော်တို့နဲ့နီးတဲ့ ရွာတွေက စစ်ရှောင်တွေပါ။ သူတို့က စစ်ရှောင်စခန်းလိုမျိုး တစ်စုတစ်စည်းတည်း ရှိတာတော့ မဟုတ်ဘူးပေါ့။ ဟိုတစ်စု ဒီတစ်စုနဲ့ တိုက်ပွဲနဲ့ဝေးတဲ့ဒေသတွေမှာ နေရတာ၊ သူတို့အတွက် ဆန်အိတ် ၁၄ အိတ်ရယ် အခြားဆေးဝါးနဲ့ အဝတ်အထည်တွေရယ်ကို မနေ့ကသွားပြီး ကူညီဖြစ်တာပါ။ စစ်ရှောင်အရေအတွက်က ဒီးမော့ဆိုက အုပ်စုလေးခုရယ်၊ ဖယ်ခုံဘက်က ရွာတွေရယ်ဆိုရင် ခန့်မှန်းချေ ဦးရေငါးသောင်းကျော်လောက်ရှိပါတယ်” ဟု ၎င်းကဆိုသည်။

စစ်မျက်နှာကျယ်ပြန့်လာကာ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသည့် ရှမ်း-ကယား နယ်စပ်တွင် လမ်းပန်းဆက်သွယ်ရေးများလည်း ပြတ်တောက်နေသည့်အတွက် စစ်ရှောင်များ စားနပ်ရိက္ခာလိုအပ်ချက်မှာ ပိုပြီး ကြီးမားလာခြင်းဖြစ်သည်ဟုဆိုသည်။

“စစ်ဘေးရှောင်နေသော မိဘပြည်သူအချို့မှာ ဆေးဝါး၊ ရိက္ခာ၊ အနွေးထည်စသည့်ပစ္စည်းများ လိုအပ်လျက်ရှိနေသည့်အတွက် မိဘပြည်သူများအနေဖြင့် တတ်နိုင်သည့်ဘက်မှ ပူးပေါင်းပါဝင်လှူဒါန်းပေးကြပါရန် ထပ်မံဖိတ်ခေါ်အပ်ပါသည်” ဟု ဒီးမော့ဆို PDF က ၎င်းတို့လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားခြင်းဖြစ်သည်။

ထိုလိုအပ်ချက်များအတွက် အခြားဒေသမှ ပြည်သူများအနေဖြင့် ကူညီပေးကြရန် ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်က တောင်းဆိုထားသည်။

Most read this week

ရုရှားနိုင်ငံထုတ် စစ်ကော်မရှင်၏တိုက်လေယာဉ်အသစ်များကို အာဏာသိမ်းပြီးကာလမှာ တွေ့ရစဉ်(ပုံအဟောင်း-AFP)
March 17, 2026
ဓာတု — မန္တလေးတိုင်း၊ မြင်းခြံခရိုင်ရှိ မြင်းခြံနှင့်နွားထိုးကြီးမြို့နယ်တို့တွင် နှစ်လတာအတွင်း...
ဓာတ်ပုံ - ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်အဖွဲ့ဝင် သုံးဖွဲ့မှ တပ်သားများကို အတူတကွ တွေ့ရစဥ် ။
March 16, 2026
မောင်ခက်နွေ — ညီနောင်မဟာမိတ် အဖွဲ့ဝင်များ ဖြစ်သည့် MNDAA နှင့် TNLA တို့အကြား ဖြစ်ပွားနေသည့်...
March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...
March 13, 2026
ပါခွီး — ပဲခူးတိုင်း ၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၈လုံးဖြင့် ပစ်ခတ်...